" အညတရ "
အညတရ . . . တဲ့
သိပ်လှတဲ့ . . . စကား
အညတရ . . . သူရဲကောင်း...
သိပ်လှတဲ့ . . . စကား
အညတရ . . . သူရဲကောင်း...
ခေတ်တွေကို ပြောင်းခဲ့ကြ . . .
အညတရ . . . ကိုအောင်ကျော်
အညတရ . . . ကိုဖုန်းမော်
အညတရ . . .
အညတရ . . . တွေက
ဧရာဝတီမြစ်ဝှမ်း . . . ယဉ်ကျေးမှုကြီးကို ထုဆစ်ခဲ့ကြ . . . ။
နှမ်းတစေ့နဲ့
ဆီမဖြစ်ပေမဲ့
ဒီမနက် ခင်ဗျားရဲ့ "Breakfast"
နှမ်းစေ့ပေါင်းများစွာရဲ့ ရလဒ်ပေါ့ . . . ။
လူ့မလိုင်တွေက
အမှိုက်သရိုက်လို့ခေါ်တဲ့
အညတရ လမ်းဘေးဈေးသည်တစ်ဦး
ကိုယ့်ကိုယ်ကို ရှို့ခဲ့တဲ့ "မီး" ဟာ
အာရပ်ကမ္ဘာရဲ့
ရွှေနန်းတော်၊ ပြဿဒ်ကြီးတွေကို လောင်မြိုက်ပြီး
ရွက်ဟောင်းကြွေ ရွက်သစ်ဝေတဲ့
အာရပ်နွေဦး . . . အာရုဏ်ဦးသစ် ဖြစ်ခဲ့တယ် . . . ။
ကမ္ဘာဟောင်းကို
အမှိုက်သရိုက်တွေ၊ အုတ်ချပ်တွေ
သဲပွင့်တွေ၊ နှမ်းစေ့တွေ
အညတရတွေကပဲ လှပအောင်ထုဆစ်
ကမ္ဘာအသစ်ရဲ့ သမိုင်းကို ရေးခဲ့ကြတာပါ ။ ။
အညတရ . . . ကိုအောင်ကျော်
အညတရ . . . ကိုဖုန်းမော်
အညတရ . . .
အညတရ . . . တွေက
ဧရာဝတီမြစ်ဝှမ်း . . . ယဉ်ကျေးမှုကြီးကို ထုဆစ်ခဲ့ကြ . . . ။
နှမ်းတစေ့နဲ့
ဆီမဖြစ်ပေမဲ့
ဒီမနက် ခင်ဗျားရဲ့ "Breakfast"
နှမ်းစေ့ပေါင်းများစွာရဲ့ ရလဒ်ပေါ့ . . . ။
လူ့မလိုင်တွေက
အမှိုက်သရိုက်လို့ခေါ်တဲ့
အညတရ လမ်းဘေးဈေးသည်တစ်ဦး
ကိုယ့်ကိုယ်ကို ရှို့ခဲ့တဲ့ "မီး" ဟာ
အာရပ်ကမ္ဘာရဲ့
ရွှေနန်းတော်၊ ပြဿဒ်ကြီးတွေကို လောင်မြိုက်ပြီး
ရွက်ဟောင်းကြွေ ရွက်သစ်ဝေတဲ့
အာရပ်နွေဦး . . . အာရုဏ်ဦးသစ် ဖြစ်ခဲ့တယ် . . . ။
ကမ္ဘာဟောင်းကို
အမှိုက်သရိုက်တွေ၊ အုတ်ချပ်တွေ
သဲပွင့်တွေ၊ နှမ်းစေ့တွေ
အညတရတွေကပဲ လှပအောင်ထုဆစ်
ကမ္ဘာအသစ်ရဲ့ သမိုင်းကို ရေးခဲ့ကြတာပါ ။ ။
ချိုချို (မုဒုံ)
ဒီလှိုင်း၊ အတွဲ(၁)၊ အမှတ်(၄၇)မှ . . . ကဗျာတစ်ပုဒ်


Comments
Post a Comment