"မနက်ခင်း သြ၀ါဒ"


တိမ်တွေကိုကြည့်ပါ
လယ်ကွင်းတွေကိုကြည့်ပါ
ပြတင်းပေါက်ရှိတဲ့ အိမ်မှာနေပါ ။

လက်ဖက်ရည်ဆိုင်ထိုင်ပါ
ဘ၀ကိုတစ်ငုံစီသောက်ပါ
သီချင်းတွေနဲ့ရန်မဖြစ်ပါနဲ့ ။

ဖြတ်သွားဖြတ်လာတွေကို ငေးမော
ရာဇ၀င်ကို ငေးမော
မိမိကိုယ် မိမိ ငေးမောပေါ့ ။

နေရောင်ခြည် နောက်ကျတတ်တယ်
သတင်းစာနောက်ကျတတ်တယ်
ချိန်းထားတဲ့ သူဟာလည်း...
နောက်ကျတတ်တာပါပဲ ။

သစ္စာနီ
( စတိုင်သစ် ၊မဂ္ဂဇင်း ၊ ၂၀၀၃ )

Comments