“ဟိုလှိမ့်ဒီလှိမ့်”


ညလုံးပေါက်
ပျောက်ဆုံးနေခဲ့တယ်
ဖမ်းဆုပ်လို့မရ . . ပွေ့ဖက်လို့မရ
အရာအားလုံး ကန့်သတ်ခြင်းမှာ ပိတ်ကားချ
ပြဒါးနဲ့ သံ . . နံရံတွေအကြောင်းစဉ်းစား
ဖောဖောသီသီသုံးနိုင်ပေမယ့် တချို့စကားလုံးတွေ
မဖြုံးတီးမိဖို့ ကြိုးစားနေဆဲ
တိတ်ဆိတ်ခြင်း . . အထီးကျန်ခြင်းတွေက
ဒီအခန်းထဲကိုပဲ ယိုစိမ့်လှိမ့်ဝင်လာကြ
သွင်သွင်ခ မျက်ရည်ကြည်
ပူနွေးလျှံစီးပြိုကျလာ
မိုးထက်အာကာမှာ ဖိုးငွေလမင်းရယ်ကသာ
တွေးတောကြံဆနိုင်စွမ်းတွေ နုံချာလှပေဘိ
ဘာဆက်လုပ်သင့်မှန်း
နောဇာနာမိ - ငါမသိ . . . ။           

ကျော်လင်းထွန်း

 

Comments