"မိုးနှောင်းပျံသန်းမှု"
ကျောပိုးအိတ်ထဲ နှိုက်လိုက်တဲ့အခါတိုင်း
ငါကြိုက်တဲ့ ဘောလ်ပင်က ထွက်မလာဘူး ...
ငါကတော့ ရင်ခေါင်းထဲ နှိုက်လိုက်တဲ့အခါတိုင်း
ခွေးတစ်ကောင်လို အူနေတဲ့
ငါ့အူတွေ ထွက်လာတယ် ...
တောင်တန်းဒေသမှာ ငါနေထိုင်တယ်
မတူညီမှုတွေ ထမ်းပိုးရတာ
လေးလံလှပေါ့
မိုးနှောင်းရက်စွဲတွေထဲ
စုတ်ပြဲသွားတဲ့ ကောက်ရိုးတစ်မျှင်
သင်ခန်းစာမဲ့
ရစ်နှောင်မဲ့ ..
ငါ့ဘဝမှာ လရောင်ကို
ဖလက်တံ တပ်
ဂစ်တာတီး သီချင်းဆိုခဲ့
သူယောင်မယ်မရှိ လိုက်ကာမရှိ
ဒါပေမယ့်
ရထားရှည်ကြီး စီးခဲ့တယ် ...
ဘူတာတွေများပေမယ့် ဆိုက်ကပ်လို့မရ
အသပြာရောင် တစ်လက်လက်နဲ့
မင်း ခြေရာကို ငါမြင်နေရတယ်
ညီမလေး ...
ဟုတ်ပါပြီ
လူဆိုတာ မွေးလာပြီးကတည်းက
အသက်ရှုသံမတူကြဘူး
ဒါဟာ လူဖြစ်တယ်
ဝဲစားမယ့် ခွေးက
အမွှေးတစ်မျိုးပေါက်တယ် မိတ်ဆွေ ...
ရာသီလွန် အိပ်မက်တွေနဲ့
ငါ့ရဲ့ မရင့်ကျက်မှုတွေအကြောင်း
ဓာတ်ပြားဟောင်းထဲ ထည့်သိမ်းထားပေးပါ
ညီမလေး ...
ကြိုက်သလောက်စား
ကျသလောက် ရှင်းလိုက်ပါ ညီလေး ..
စက်တင်ဘာ မိုးနှောင်း
ကိုယ့်မှာတော့
ဆေးလိပ်ငွေ့တွေ တထောင်းထောင်းနဲ့
အရက်ခိုးတွေနဲ့
ပဉ္စလက်ဆန်တဲ့ ဘဝပေတံပေါ်
အရည်မပျော်ခဲ့တဲ့ အမှတ်တရတွေ
သိမ်းထားပေးပါ ..
အရည်ပျော်ဆိုတာ
အလျော်ပြေတော့ မဟုတ်ဘူး ...
အတောင်ပံတွေ သိမ်းလိုက်ပြီ
တောင်တန်းတွေပေါ်မ
ကိုယ့်အသိုက်ကလေးရှိနေမယ်
မိုးလေကင်းရင် ဆုံတာပေါ့ ...
ကြားတောင်တွေ နှုတ်ထားတယ်
ဒါ ၃၆ မှတ်တိုင် .... ။ ။
#Hledan_Nge_Chit
#KLT
23/Sep/2017
Art by ShanZuo Zhou and DaHaung Zhou
ငါကြိုက်တဲ့ ဘောလ်ပင်က ထွက်မလာဘူး ...
ငါကတော့ ရင်ခေါင်းထဲ နှိုက်လိုက်တဲ့အခါတိုင်း
ခွေးတစ်ကောင်လို အူနေတဲ့
ငါ့အူတွေ ထွက်လာတယ် ...
တောင်တန်းဒေသမှာ ငါနေထိုင်တယ်
မတူညီမှုတွေ ထမ်းပိုးရတာ
လေးလံလှပေါ့
မိုးနှောင်းရက်စွဲတွေထဲ
စုတ်ပြဲသွားတဲ့ ကောက်ရိုးတစ်မျှင်
သင်ခန်းစာမဲ့
ရစ်နှောင်မဲ့ ..
ငါ့ဘဝမှာ လရောင်ကို
ဖလက်တံ တပ်
ဂစ်တာတီး သီချင်းဆိုခဲ့
သူယောင်မယ်မရှိ လိုက်ကာမရှိ
ဒါပေမယ့်
ရထားရှည်ကြီး စီးခဲ့တယ် ...
ဘူတာတွေများပေမယ့် ဆိုက်ကပ်လို့မရ
အသပြာရောင် တစ်လက်လက်နဲ့
မင်း ခြေရာကို ငါမြင်နေရတယ်
ညီမလေး ...
ဟုတ်ပါပြီ
လူဆိုတာ မွေးလာပြီးကတည်းက
အသက်ရှုသံမတူကြဘူး
ဒါဟာ လူဖြစ်တယ်
ဝဲစားမယ့် ခွေးက
အမွှေးတစ်မျိုးပေါက်တယ် မိတ်ဆွေ ...
ရာသီလွန် အိပ်မက်တွေနဲ့
ငါ့ရဲ့ မရင့်ကျက်မှုတွေအကြောင်း
ဓာတ်ပြားဟောင်းထဲ ထည့်သိမ်းထားပေးပါ
ညီမလေး ...
ကြိုက်သလောက်စား
ကျသလောက် ရှင်းလိုက်ပါ ညီလေး ..
စက်တင်ဘာ မိုးနှောင်း
ကိုယ့်မှာတော့
ဆေးလိပ်ငွေ့တွေ တထောင်းထောင်းနဲ့
အရက်ခိုးတွေနဲ့
ပဉ္စလက်ဆန်တဲ့ ဘဝပေတံပေါ်
အရည်မပျော်ခဲ့တဲ့ အမှတ်တရတွေ
သိမ်းထားပေးပါ ..
အရည်ပျော်ဆိုတာ
အလျော်ပြေတော့ မဟုတ်ဘူး ...
အတောင်ပံတွေ သိမ်းလိုက်ပြီ
တောင်တန်းတွေပေါ်မ
ကိုယ့်အသိုက်ကလေးရှိနေမယ်
မိုးလေကင်းရင် ဆုံတာပေါ့ ...
ကြားတောင်တွေ နှုတ်ထားတယ်
ဒါ ၃၆ မှတ်တိုင် .... ။ ။
#Hledan_Nge_Chit
#KLT
23/Sep/2017
Art by ShanZuo Zhou and DaHaung Zhou



Comments
Post a Comment