"လှပသော ပြာမှုန်များ"

ဟော ... အခုကျတော့
အဲဒီကြယ်ခိုးတွေ
နွေလှိုင်းကြားထဲ ကခုန် ...

ပုံမှန်ထက် နက်စိုတဲ့ မျက်ဝန်းဟာ
နှလုံးသားဘာသာရပ် ဖွင့်ဆိုရာ
လေသာပြတင်းတံခါး မဟုတ်ခဲ့ ...

သူမဟာ နွေပျက်တွင်းနက်ကြီး
နှာတံစင်းစင်းနံဘေးမှာ
သွေ့ခြောက်မြစ်တစ်စင်းရှိရဲ့ ...

သူမဟာ ငှက်တစ်ကောင်ဆို
တောင်ပံခတ်ချက်တိုင်း
ဒီရင်ဘတ်ကို လာရိုက်တာမျိုး ...

တိမ်ညိုတွေနဲ့အတူ
အဲဒီကြယ်မှုန်တွေ
ပြန်ယူသွားပြီ 
အခုတော့ သုံးနဲ့လေး
'ဘယ်မှာလဲ" မမေးတော့ဘူးလေ နော်
ဒီကမ္ဘာမြေပေါ်ပဲ ရှိနေအုံးမယ်မလား .... ။     ။

#KLT


Comments