"ဝှက်ထားတဲ့ ညနေ"
မြက်ခင်းပေါ်
ရှူသွင်း … လေပြင်းတွေ
အေးစက်စက်။
တစ်ဝက်တစ်ပျက်
ဆယ်စုနှစ် တစ်ခုဝန်းကျင်
ဘဝပရဝုဏ် ပတ်ချာလည်
နံရံတွေ အထပ်ထပ်။
ကန်ရေပြင်လား
တန်ပြန်အလင်းလား
နေမင်းကြီး ဝပ်ဆင်းသွားလျက်ပင်
စူးရှကျန်ရစ်ဆဲ
ရင်ဘတ်ထဲ
... ... ...
... ... ...
အလင်းတွေ ခုန်လွှားအော်မြည်။
လိုင်းကားပေါ်ပြေးတက်သွား
သူမဟုတ်
ငါမဟုတ်
ဘယ်သူဘယ်ဝါမှလည်း မဟုတ်
ငါတို့မြို့က အဝိဇ္ဇာတွေ …
ဒါမှမဟုတ်ရင်
ရှူသွင်းလိုက်ပါ
အနှစ် နှစ်ဆယ်စာ
တန်ပြန်လင်းညို့
ငါတို့မြို့ဟာ သူ့ ညနေသူ
ပြန်မျိုချလို့ နင်နေတာ။
ဝပ်သွားသလား
ခုန်လွှားသလား
အိုဗာအီးယား နားကြပ်တစ်လုံးနဲ့
ငါ့ နံရံကို ငါဖောက်ခွဲပစ်မယ်
ငါဟာ လက်ပစ်ဗုံးတစ်လုံး …
အဖွက်လွန်နေသလား
အထားမှားသွားတာလား
မသေချာမှုတွေနဲ့ သေချာကြ
အာဏာသိမ်းခံလိုက်ရတဲ့
ငါ့ ရင်ဘက်ထဲက ညနေ။
KLT
5:23 AM
5/5/18
Art by Chin h Shin



Comments
Post a Comment