“ကြွပ်ဆပ်ဆပ် ညှို့”
တစ်ခုလုံး မသိလိုက် မသိဘာသာ တည်ဆောက်ပြီးမှ
ကိုယ့်လူ ရိုက်ချိုးလိုက်တယ်
အမှောင်ထဲ ၀ပ်တွား ၊ တစ်ချိန်လုံး ကြံ့ကြံ့ခံခဲ့ပြီးမှ
(မိုးသောက်တော့) ရိုက်ချိုးလိုက်တယ်
ဒီမယ် ကိုယ့်လူ
စာပေရယ် . . နိုင်ငံချစ်စိတ်ရယ်
ဒီတံတားနှစ်စင်းကြောင့်သာ ဒို့ ရင်ဘတ်ခြင်း နီးခဲ့ကြ
(ဒါကို) ကျန်တဲ့ အဆိပ်အတောက် ကြွပ်ဆပ်ဆပ်မာယာတွေနဲ့ အချဉ်ဖောက်တော့
ကိုယ်တွေချည်းပဲ တစ်သီးတစ်သန့် ဆွဲထားတဲ့ အဖြူရောင် ပန်းချီကား
ကိုယ့်လူ ရိုက်ချိုးသွားတယ်
(ဘာပဲဖြစ်ဖြစ်) ဆရာသမား
တစ်ခု နားလည်ပေးရမှာက
လောကမှာ အဲဒီ (ရှင်)ထင်နေတာကြီးထက် နက်ရှိုင်းတာတွေ အများကြီး ရှိသေးတယ်။ ။
-ကျော်လင်းထွန်း-



Comments
Post a Comment