"တဖာလုံ တဆိုင် ယိုင်တိုင်တိုင် အနာဂတ်"
ရန်ကုန်မြို့ ညအလှမှာ အေးမြသာယာလျက်ရှိ၏။ ဆောင်းဓာတ် နှင့်ဆောင်းလေပြေက ၀မ်းတွင်းကလီစာများသို့တိုင
မြို့ပြ၀န်းကျင်တခွင်အား ဆင်ခြင်မိရာ ယမကာဆိုင်များက အနန္တ၊ တဖာလုံတဆိုင်ဟုဆိုရမလို။
အချို့နေရာများတွင်မူ တဖာလုံအတွင်း သုံးလေးဆိုင်မကပင် တွေ့လာရသည်။ ယမကာလုလင်များကလည်း စည်လိုက်သမှကြက်ပျံမကျ။
သြော် . . . ထိုသူများလည်း တေဇောဓာတ်ရင်ငွေ့လှုံနေကြခြင
“မျက်မှောက်ခေတ် စီးပွားဖြစ် ရေရှည်အကုသိုလ်လုပ်ငန်းပေါ့
ယင်းသို့ အရက်ဆိုင်၊ ဘီယာဆိုင်များ လွန်စွာပေါများလာခြင်းအပေါ် ဒေါက်တာကျော်စွာဦးက “စီးပွားရေးသမားကတော့ သူ့စီးပွားရေး အနေနဲ့လုပ်တာပေါ့။ ဆိုင်တွေများလာတာကြောင့် ဘယ်လိုပဲဖြစ်ဖြစ် တော်တော်များများ သောက်ဖြစ်လာကြတယ်။ ပြည်သူပိုင်းအနေနဲ့ တန်ဆေးလွန်ဘေးပေါ့၊ အရက်ကိုမသောက်ဖို့၊ သောက်ရင်လည်း လွန်လွန်ကျူးကျူးမသောက်ဘဲ ကိုယ့်ဘာသာ ထိန်းသိမ်းနိုင်ရင် ပိုကောင်း တာပေါ့” ဟု သုံးသပ်သည်။
အစိုးရဘက်မှလည်း ကောင်းမွန်သည့်ပေါ်လစီတခုနှင
တောင်ဒဂုံမြို့နယ်တွင်နေထို
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၅၄။ (က)တွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များက ဇယား(၅)ပါ အခွန်အခများကို ဥပဒေ နှင့်အညီကောက်ခံ၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဘဏ္ဍာရန်ပုံ ငွေသို့ပေးသွင်းရမည်။ (ခ)တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေများကို
ဖွဲ့စည်းပုံ အတည်ပြုပြီး ၄ နှစ်ခန့်အကြာ ၂၀၁၂ ခုနှစ်တွင် ပြည် ထောင်စု အခွန်ဥပဒေ ပေါ်ထွက်လာခဲ့ပြီးသော်လည်း မျက်မှောက်အချိန်ထိ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် ဧရာဝတီတိုင်းဒေသကြီး ၄ ခု တို့တွင်သာ ယစ်မျိုးခွန်ဥပဒေကို ရေးဆွဲပြဋ္ဌာန်းထားသေးသည်။ ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ပြဋ္ဌာန်းရန်လိုအပ်နေသေးသည်။
“ဒီတိုင်းဒေသကြီး လေးခုမှာ ယစ်မျိုးခွန်ကို ၄ ဆ၊ ၅ ဆ အထိ တိုးကောက်နေပြီ၊ ကျန်ဒေသတွေမှာကတော့ အရင်ရှိပြီးသား ဥပဒေ အတိုင်းပဲ ကောက်နေတယ်” ဟု ပြည်သူ့ကျန်းမာရေးဖောင်ဒေးရ
ယစ်မျိုးလိုင်စင်ကို ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌ
“ဒီလိုဖြစ်သွားတဲ့အတွက် ထိန်းချုပ်ဖို့ လိုလာတဲ့အခါမှာ ဥပဒေနဲ့ ထိန်းချုပ်လို့ လွယ်သွားတာပေါ့။ ဒါပေမဲ့ တချို့ထွေအုပ်တွေက လိုင်စင်ပွားတွေ လုပ်ကြတာရှိတယ်။ ဒါကိုထိန်းချုပ်ဖို့တော့ ကျွန်တော်တို့ ဖောင်ဒေးရှင်း အနေနဲ့လည်း ထပ်ပြီးတိုက်တွန်း ထားတယ်” ဟု ဒေါက်တာသန်းစိန်က ဖွင့်ဟသည်။
မြန်မာနိုင်ငံ၌ လူဦးရေ ၁၀၀၀ တွင် ၂၃ ဦးနှုန်း အရက် စွဲနေကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့(WHO)မှ ထုတ်ပြန်ထားသည်။
“လာဘ်စားပြီး လိုင်စင်တွေ ထုတ်ပေးနေရင်တော့ များလာမှာပဲ။ များလာတော့ အမှု အခင်းတွေဖြစ်တယ်၊ ရန်ဖြစ်တယ်။ နောက် ဒီနိုင်ငံမှာ အရက်သောက်ရမယ့်အရွယ် ကန့်သတ်မှုတွေ ဘာတွေလဲဥပဒေအရ ထုတ်ထားတာမရှိ။ လူငယ်တွေလည်း ပျက်စီးဖို့ပိုလွယ်တယ်။ လူငယ်ထဲမှာမှ ပိုက်ဆံတတ်နိုင်တဲ့သူနဲ့၊ မတတ်နိုင်သူ ကွာသေးတယ်။ အရက် အမျိုးအစား တွေကအများကြီး။ သို့ပေမဲ့ ဈေးကြီးတဲ့အရက်က အရည်အသွေး ပိုမြင့်တော့ သောက်တာချင်း တူတောင် ဆေးစစ်ချက်က ကွာတတ်တယ်။ စိတ်ဓာတ်ပျက်ပြားမှုတွေလည်း တိုးလာတယ်။ လူငယ် အများစု အပျော်အပါးဘက်ပဲဦးတည်ပြီး လမ်းမှားရောက်နေပြီ” ဟု လှိုင်မြို့နယ်တွင်နေထိုင်သူ
ဥစ္စာယုတ်ခြင်း၊ ငြင်းခုံများစွာ၊ ရောဂါထူပြော၊ ကျော်စောမဲ့တုံ၊ မလုံအင်္ဂါ၊ ပညာနည်းရှား ဤ ၆ ပါးကား၊ သောက်စားသေစာအပြစ်တည်း ဟု ဗုဒ္ဓမြတ်စွာဘုရားရှင်၏ သုတ္တန်ဒေသနာတော်တွင် ဟောဖော်ဆုံးမ ထားသည်။ အလားတူ ခရစ်ယာန်၊ အစ္စလာမ်နှင့် ဟိန္ဒူစသောကိုးကွယ်ရာ ဘာသာတရား အသီးသီးတို့တွင်လည်း အရက်သေစာအားရှောင်ရှားရန် သွန်သင်ပညတ်ထားသည်များ ရှိကြသည်။ ထိုသို့ပညတ်မှုများရှိ နေသော်ငြား ယနေ့ခေတ်လူငယ်များအကြားတွင်
လူငယ်တွေ သောက်တာများလာရင် ဘာသာရေး၊ ကျန်းမာရေး နဲ့ယဉ်ကျေးမှုတွေ ထိခိုက်ပျက်စီးလာနိုင်တယ်ဆိ
မြန်မာနိုင်ငံ ပုဂ္ဂလိကဆရာများအသင်းချုပ်ဥက
ထို့ပြင် ဗိုလ်ချုပ်မွေးနေ့ဆိုလျှင် လွန်လေပြီးသော ၂၆ နှစ် ဟိုမှာ ဘက်ဆီက မဆလခေတ်အထိကို ကလေးများနေ့ဟု အစဉ်အဆက်သတ် မှတ်ခဲ့သော်လည်း နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (န၀တ)အစိုးရတက်လာပြီးနောက်ပ
“စတုတ္ထတန်း မြန်မာစာဖတ်စာက အောင်ဆန်းဇာနည်ဆိုတဲ့ ကဗျာလည်း ဖျောက်ပစ်ခဲ့ကြတယ်။ ဖေဖော်ဝါရီ ၁၄ ချစ်သူများနေ့ဆို ကျွန်တော်တို့ ယဉ်ကျေးမှုနဲ့ ဘာမှမဆိုင်ဘူးဗျ၊ ဒါကြီးကို အတင်းသွတ်သွင်းတဲ့အခါ လိင်ဖောက်ပြန်မှုတွေ၊ မလိုအပ်ဘဲအပျော်ကျူးတာတွေ တွေ့လာရတယ်။ သိသိကြီးနဲ့ လမ်းဖွင့်ပေးထားသလို ဖြစ်နေတယ်။ တက္ကသိုလ်ကျောင်းတွေ၊ အခြေခံကျောင်းတွေမှာ ပညာပေးရမယ်၊ ဒီလို နေ့ အပြုအမူမျိုးတွေကို နှိမ်နင်းပစ်ရမယ်။ ကျောင်းတွေဟာ စာမေးပွဲ ဦးစားပေးစနစ်ထက် ကလေးတွေ ဘက်စုံဖွံ့ဖြိုးရေးကို ဦးစားပေးရမယ်” ဟု ၎င်းက ဆိုသည်။
နိုင်ငံတကာတွင် အရက်ဆိုင်၊ ဘီယာဆိုင်များ၌ အမျိုးသမီးစားပွဲ ထိုးများ၊ ဘားကိုင်များဖြင့် ရောင်းချသည်မှာမဆန်းတော့။ သို့သော် မြန်မာ့ ယဉ်ကျေးမှုအရမူများစွာ အမြင်မတင့်လှပေ။ ထို့ကြောင့် ရှေးရိုးဓလေ့ ထုံးတမ်းယဉ်ကျေးမှုကို တန်ဖိုးထားသူများနှင့် အနောက်တိုင်း ယဉ်ကျေးမှု သက်ဝင်ထုံမွေ့သူများအကြား ကွာဟသည့်အမြင်များလည်း ပေါ်ပေါက် လာသည်။ လက်ရှိ ရန်ကုန်မြို့တွင် အတွေ့ရများနေသည်က အမျိုးသမီး စားပွဲထိုး၊ ဘားကိုင်များမဟုတ်၊ စားဝတ်နေရေးအခက်အခဲကြောင့် ရရာ အလုပ်ကိုလုပ်ကိုင်လျက် ယမကာဟူသော ကုန်ပစ္စည်းအား အရောင်းမြှင့် တင်ပေးရသည့် ကဗျာ(အမည်ရင်းမဟုတ်)ကဲ့သို့
“ဒီလိုပုံစံမျိုး လုပ်ရမယ်ဆိုတာ အင်တာဗျူးကတည်းကသိတယ်လေ၊ တကယ်လုပ်ကြည့်တော့ နည်းနည်းကသိကအောက်ဖြစ်စရာလေ
အရက်အတုဆိုသည်များကလည်း မကြာခဏကြားနေရသည်။ အရက်ကို ထိန်းချုပ်ရာတွင် ရောင်းချခြင်းနှင့် ၀ယ်ယူခြင်း နှစ်မျိုးလုံးအား ထိန်းချုပ်ရန်လိုကြောင်း သိရသည်။
“အရက်ရောင်းချိန်ကန့်သတ်ဖို
ထို့ပြင် ၎င်းက “အရက်တွေရဲ့အရည်အသွေးကို စစ်ဆေးမှုပိုင်းမှာ အားနည်းနေတယ်။ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA)ဆို ဆေးဝါးပစ္စည်းလောက်ကိုပဲလုပ်
ကျန်းမာရေးရှုထောင့်မှသည် တိုင်းရေးပြည်ရာအထိ ဆက်စပ်လျက် ဒေါက်တာကျော်စွာဦးက “ပြည်သူတွေ ကျန်းမာရေးအသိရှိတယ်ဆို ဘာပဲဖြစ်ဖြစ် အဆင်ပြေနိုင်မယ်။ ဆေးရုံတွေမှာ အရက်ကြောင့်ဖြစ်တဲ့ လူနာတွေ အရမ်းများလာတယ်၊ အရင်တုန်းက အသက်ကြီးတဲ့သူတွေပဲ တွေ့ရပေမဲ့ အခုဆို ၃၀ ၀န်းကျင်နဲ့ အရက်သောက်လို့ လေဖြတ်နေတာတို့ ဘာတို့တွေ တော်တော်လေးတွေ့လာရတယ်။ အရက်သောက် နှုန်းက တော်တော်များလာတာ၊ ဒါဟာ တိုင်းပြည်အတွက်တော့ မကောင်းတဲ့ လက္ခဏာပဲ” ဟု မှတ်ချက်ပြုသည်။
သို့ဖြစ်ပါ၍ . . . သောက်မျိုလိုက်ပြီဆိုလျှင် ဖိန်းတိန်းရှိန်းတိန်း ယိမ်းတက်သွားစေသည့်ထိုအရည်က
ကျော်လင်းထွန်း
(News Watch ဂျာနယ်တွင် ဖေဖော်ဝါရီလအတွင်းက ဖော်ပြခဲ့ပြီးဖြစ်သည်။)



Comments
Post a Comment