“၀လုံးလေးတွေ ရေးသီထားတဲ့ စာရွက်”
စာတစ်ရွက် အဖြဲခံလိုက်ရတော့
ငါပြောတဲ့ အထဲ ရယ်စရာလဲ မပါဘဲနဲ့
ငွေရေစက်က တစ်ခစ်ခစ်
ဒိန်ချဉ်စစ်စစ်ကိုမှ သောက်ချင်လို့လား
ရေးကြီးသုတ်ပြာနိုင်တဲ့ အရုဏ်ဦး
ဟော … အခုတော့
ဆင်ဖြူရောင်ဆောင်ထားတဲ့ ပေပါ အရောက်
လေဆာထောက်လှမ်းရေးက လက်ထိပ်ခတ်လိုက်ပြီ ။
ဝလုံးရေးပါ … ၀ိုင်းဝိုင်းစက်စက်
သိုင်းမတတ်တဲ့ မြို့ပျက်ဖိုက်တာတွေ
ဝလုံးရေးပါ . . . ၀ိုင်းဝိုင်းစက်စက်
ဒေါင်းတစ်ကောင်ရဲ့ သွေးစက်တွေအကြောင်း
ငါပြောတဲ့ အထဲ ရယ်စရာလဲ မပါဘဲနဲ့
ပစ္စတို မောင်းချိန်သံ ဂျလောက်ဂျလက်
ဒီလိုမျိုး မိုးအေးအေး
မြို့ ပျက်ရဲ့ ကောင်းကင်မှာ ၀လုံးတွေ
သိုင်းမသင်နဲ့
ဝလုံးရေးပါ . . . ၀ိုင်းဝိုင်းစက်စက် ။
ဆေးရောင်လေးတွေ ခြယ်မယ်
သမီးစကတ် ချွတ်ရင်လည်း ချွတ်ထားလိုက်ပါလား
အကုန်နီးပါး ပေါ်နေပြီပဲဟာ
ဒေါက်ဖိနပ်သံ နရီမှန်လို့
ညရောက်ရင် အဲ့ခြေထောက် ရေနွေးစိမ်ပေး
သိုင်းမသင်နဲ့
ဦးစိုင်းလူး
ပါရာဒိုင်းအရွေ့ထဲက နှိုက်လက်စ
ဝါရှင်တန် ဒီစီရဲ့ အခန်းပျက် ညတွေ
ဒီဒီအာ ရမ် တစ်ကဒ်လို အသစ်ဝယ်တပ်လိုက်ပေါ့
ဒေါက်ဖိနပ်ကို ခပ်ဖွဖွနင်းပါလား
တစ်ဆိတ် . . .
ဟော . . ဖိတ်ကျသွားတဲ့ ဆေးစက်တွေတောင် ပြောင်သွားပြီ
ခေါင်းကိုက်လိုက်တာ ။
စာသင်ခန်းတံခါးတွေလား
ယားလို့တောင်မှ မကုတ်အားဘူးတဲ့
သေတွင်းနှုတ်ခမ်းလား
သားဆက်ခြား အီဗော်လူးရှင်းတဲ့
တက္ကသိုလ်ရဲ့ တက္ကသိုလ်
ဟင့်အင် . . တက္ကသိုလ့် တက္ကသိုလ် ဆိုတာ ဂလိုလား
နေပါစေတော့
ဖွေးဖွေးလှုပ် လက်မောင်းသားလေးတောင်
အထစ်/ဒစ် တစ်ခု စမ်းမိလိုက်သလိုပဲ
ဝလုံးလေးတွေ သွယ်တန်းထားတဲ့ စာတစ်ရွက်
အဖြဲခံလိုက်ရတော့ . . . ။ ။
-ကျော်လင်းထွန်း-



Comments
Post a Comment