“အထီးကျန်”



အကို
နေကောင်းလား
ခုဘယ်မှာလဲ အကို
ကျနော် ရင်ဘတ်ထဲက အရာတွေကို ဖွင့်ဖောက်ပစ်ချင်လို့ . .

ဒီလိုပါ

မတန်တာကို ရန်မရှာသင့်မှန်း သိပါတယ်
ဘာမှန်းမသိတဲ့ အဲ့ဒါကြီးကို
ထုတ်ချပြလိုက်ရင် . . .
ပြီးပြီဆိုတာနဲ့ . .
အရမ်းခင်စရာကောင်းတဲ့ လူသားတစ်ယောက်
ကျနော့်ဘ၀ထဲက လုံးဝပျောက်ရှသွားတော့တာပဲ
အဲ့ဒါ ကျနော်ပဲ . . .

ကျနော် အရမ်းအထီးကျန်တယ် အကို
  • To have positive mental attitude right in a human's heart
  • I think , someone must have in it.
  • I've frequently prepared how to kind, share and care
  • but no one’s daring to live in my heart.

ထွက်ပေါက်ဘယ်လိုရှာရင်ကောင်းမလဲ
ကျနော် အရက်ပုလင်းရယ် ၊

ဂစ်တာကိုင်နေတဲ့ သူငယ်ချင်းတွေရယ်ပဲ ပြေးပြေးမြင်တယ်
ပြီးတော့

လူသားအကျိုးပြုလုပ်ငန်းတွေ လုပ်နေတဲ့ သူငယ်ချင်းတွေလည်း အပါအ၀င်ပေါ့
  • everyone had entitled me with the words
  • "For money", "For Sex", "For Pride”. . maybe all . .

  • But I assume that something must exist with them or without them.

သွေးသားဆာလောင်မှုကြောင့် ဖြစ်မလား . .
မိန်းကလေး တစ်ယောက်နဲ့ မိုးရေထဲမှာ လက်တြွဲ့ပီး လျှောက်သွားရတဲ့အရသာ
သူမ ခါးလေးကို ဖက်ထားရတဲ့ အရသာ
ကိုယ့်အတွက် သီးသန့်ဖြစ်တဲ့ ဂရုစိုက်မှုတွေခံယူချင်တာ
ငွေနဲ့ဆိုင်မလား . .

လိင်ရမ္မက် အထွတ်အထိပ်ကို တက်နေလို့လား
အဲ့ဒီ တစ်စုံတစ်ယောက်ရဲ့
ပညာဂုဏ် ၊ စည်းစိမ်ဂုဏ် ၊ စိတ်ထားမွန်မြတ်မှုဂုဏ်တွေကို
စိန်နားကပ်အရောင်နဲ့ ပါးပြောင်ချင်လို့လား
လူတွေ ဘယ်လိုခေါင်းစဉ်တပ်ကြလဲ မသိဘူး
ကျနော့်တစ်ယောက်တည်းကိုပဲ

ဝိုင်းတပ်ပစ်လိုက်တဲ့ ခေါင်းစဉ်တွေလို့ ကျနော်ကတော့ . . ထင်တယ်
နဲနဲ ပြောပြပေးပါ အကို
တစ်ခုခုပေါ့ . .
တစ်ခုခု ပြောပြပေးပါ . . . ။


-ကျော်လင်းထွန်း-



 


Comments