“ဆိုက်ကားဂိတ်”
အတိတ်ကို ပိတ်ကားချ
ခေတ်ကြီးရဲ့ညဟာ
ဆားနဲ့ အာလုပ်ကျင်းရသလို
ငံကျိကျိ . . .
ကုန်သွယ် ဖလှယ် စီးပွား ဆိုဇ်တွေလည်း
ကားလို့
စားဖားချင်း လက်ဖ၀ါးရိုက်
မစွန်းရင်းရှိတော့ ကန်စွန်းခင်းချင်းငြိကြ
နံရံကပ် အိပ်မက်လည်း တားဆေးတွေ
စားလို့ . . .
ငါတို့က ဗလာကြီး ထထ အသက်ငင်ပြနေသယောင်
နေပူစပ်ခါးထဲ ပေါင်ရိုးတွေ
ကျွတ်ထွက်မတတ်
ရှပ်အင်္ကျီဂုတ်သားလို ငါတို့ဘ၀တွေလည်း
တရိရိ . . .
မနုံလွန်းလှချည်ရဲ့လား
ခရိုကာလာစုံ ဆိုဇ်တွေလည်းကားလို့
. . .
ရောပြွန်းချွေးအတွက် ဘုံပ၀ါ
ရှာမတွေ့နိုင်သေး
အိမ်ပြန်ချိန် ညခင်းတိုင်း
စိမ်းလေကိုင်းသူကြီးရဲ့
ကြွေး/ကျွေးရှင် ပရိုင်ရော်ရတီ
ရှင်းတမ်း
ပလပ် သက်ညှာမှုကင်းချက်
ငပိတစ်ခွက်က သာဓကလား
အညာသူ ဒင်းကလေးလည်း တားဆေးတွေ
စားလို့ . . .
မြို့ပျက်သီချင်းဘေးနားချ
သချုင်္ီင်း၀၀ယ် ငါ့မြင်းခေါင်းစွပ်ကျယ်ကို
အလံပြခဲ့
နှုတ်ဆက်ခဲ့ပါတယ် လေဟာနယ်
. . .
အတိဒုက္ခလွင်တီးခေါင်မှာ
သေရမယ် သိသိနဲ့ ကိုက်ဖဲ့နေမှုတွေ
ရှုစား
ငါဆိုတဲ့ မြို့ပျက်ကျောမွဲ
ငမိုက်သား
ဖက်ကြမ်းခဲရင်း
သက်ပြင်းတွေ တစ်ဖွာပြီးတစ်ဖွာ
ရှိုက်မိသွားလို့ . . . ။
-ကျော်လင်းထွန်း-



Comments
Post a Comment