#Slashed_Blue
လူငယ်ဆိုတဲ့ စကားရပ်ကို
ခုန်ပေါက်ကျော်လွှားပြီး
ဖြတ်သန်းခဲ့ရဖူးတယ်
မိခင်နဲ့တူတဲ့ အမျိုးသမီးမိတ်ဆွေတွေ
မင်းမှာရှိလာတဲ့အခါ မင်းဘဝကို
မင်းပျော်တတ်လာပါလိမ့်မယ် ... ။
.
ဒဏ်ရာမြစ်ဟာ
ရင့်ကျက်သွားတဲ့မြစ်ဝှမ်းက ကြည့်တဲ့အခါ
မြစ်ညာမှာ ကွေ့ဝိုက်စီးဆင်းခဲ့တဲ့
မားမားမတ်မတ်တောင်တန်းတွေ မြင်ရမယ်
.
ဒါပေမယ့်
သူမ ခလုတ်တိုက်ခဲ့တဲ့
ပုလင်းကွဲကျောက်ဆောင်တွေဟာ
ပင်လယ်အထိစီးဆင်းမယ့်
မကျက်နိုင်တဲ့ ဒဏ်ရာတွေပဲလေ … ။
.
ဘယ်လိုလောကဓံပဲ ရှိနေနေ
တိမ်တိုက်တွေ ကြည့်တိုင်း သူမအပြုံးကို
ကြည်ကြည်လင်လင် မြင်ရင်ပဲ
ရှင်သန်ခြင်း ဝေဒနာဟာ
တစ်ဝက်မက သက်သာလာတယ် ... ။
.
မြန်မာမှုပြုထားတဲ့
ဒုက္ခသုတ်ခနိုင်းချင်းမှာ
ဆလပ်ရှီဆိုတာ
ဘလိတ်ဓားတစ်ချောင်းကနေ
သူမရဲ့ မျက်တောင်
ကော့ကော့လေးတွေအထိ
အကျုံးဝင်နေတယ်လေ ... ။
.
ကိုယ့်ဆီက
ပေါပေါလောလော ရနိုင်တာ
မေတ္တာတရားပဲ
ပင်လယ်ကိုတော့
ဆားလာလာ မခပ်ချင်ကြပါနဲ့ … ။
.
မိုးလေးအေးတယ်
ဒါပေမယ့် ငါအခု
ဘီယာဆိုင် မထိုင်ချင်ဘူး
ရပ်ကွက်ထဲက ပတ်ချင်နဲ့ရောင်းတဲ့
ခပ်ကျဉ်းကျဉ်း အရက်ဆိုင်လေးထဲ
စုံစီနဖာ အမြည်းလေးတွေ
တို့ကနန်း ဆိတ်ကနန်းနဲ့
နားအေးပါးအေး တစ်ခွက်နှစ်ခွက်
သောက်ချင်တယ် .. ဒါပေမယ့်လည်းဟာ
ငါပြောသလို
အရက်ဆိုင်သန့်သန့်လေးတွေ
သိပ်မရှိတော့ဘူး သူငယ်ချင်း ... ။
.
#KLT
5/Jun/19

ခုန်ပေါက်ကျော်လွှားပြီး
ဖြတ်သန်းခဲ့ရဖူးတယ်
မိခင်နဲ့တူတဲ့ အမျိုးသမီးမိတ်ဆွေတွေ
မင်းမှာရှိလာတဲ့အခါ မင်းဘဝကို
မင်းပျော်တတ်လာပါလိမ့်မယ် ... ။
.
ဒဏ်ရာမြစ်ဟာ
ရင့်ကျက်သွားတဲ့မြစ်ဝှမ်းက ကြည့်တဲ့အခါ
မြစ်ညာမှာ ကွေ့ဝိုက်စီးဆင်းခဲ့တဲ့
မားမားမတ်မတ်တောင်တန်းတွေ မြင်ရမယ်
.
ဒါပေမယ့်
သူမ ခလုတ်တိုက်ခဲ့တဲ့
ပုလင်းကွဲကျောက်ဆောင်တွေဟာ
ပင်လယ်အထိစီးဆင်းမယ့်
မကျက်နိုင်တဲ့ ဒဏ်ရာတွေပဲလေ … ။
.
ဘယ်လိုလောကဓံပဲ ရှိနေနေ
တိမ်တိုက်တွေ ကြည့်တိုင်း သူမအပြုံးကို
ကြည်ကြည်လင်လင် မြင်ရင်ပဲ
ရှင်သန်ခြင်း ဝေဒနာဟာ
တစ်ဝက်မက သက်သာလာတယ် ... ။
.
မြန်မာမှုပြုထားတဲ့
ဒုက္ခသုတ်ခနိုင်းချင်းမှာ
ဆလပ်ရှီဆိုတာ
ဘလိတ်ဓားတစ်ချောင်းကနေ
သူမရဲ့ မျက်တောင်
ကော့ကော့လေးတွေအထိ
အကျုံးဝင်နေတယ်လေ ... ။
.
ကိုယ့်ဆီက
ပေါပေါလောလော ရနိုင်တာ
မေတ္တာတရားပဲ
ပင်လယ်ကိုတော့
ဆားလာလာ မခပ်ချင်ကြပါနဲ့ … ။
.
မိုးလေးအေးတယ်
ဒါပေမယ့် ငါအခု
ဘီယာဆိုင် မထိုင်ချင်ဘူး
ရပ်ကွက်ထဲက ပတ်ချင်နဲ့ရောင်းတဲ့
ခပ်ကျဉ်းကျဉ်း အရက်ဆိုင်လေးထဲ
စုံစီနဖာ အမြည်းလေးတွေ
တို့ကနန်း ဆိတ်ကနန်းနဲ့
နားအေးပါးအေး တစ်ခွက်နှစ်ခွက်
သောက်ချင်တယ် .. ဒါပေမယ့်လည်းဟာ
ငါပြောသလို
အရက်ဆိုင်သန့်သန့်လေးတွေ
သိပ်မရှိတော့ဘူး သူငယ်ချင်း ... ။
.
#KLT
5/Jun/19



Comments
Post a Comment