"ဘာမှမတတ်နိုင်ဘူး"

ကော်ဖီကို တစ်ကျိုက်ချင်း
သောက်ဖို့လိုသလိုပဲ
မနက်ဖြန်တွေကိုလည်း
တစ်ရွက်ချင်းစီလှန်ကြည့်ပါ။
.
တစ်ချက်တစ်ချက်
ပတ်ဝန်းကျင်ကိုလည်း
မှန်မှန်ငေးမောပေး။
.
အဝေးပြေးလမ်းပေါ်
တစ်ခါတစ်ခါ
ကိုယ်ဖော့ပစ်တင်လိုက်။
.
သူငယ်ချင်း
သုံးလေးယောက်တော့
ရှိသင့်တာပေါ့။
.
ခရီးဆုံးဆိုတာ
ဘယ်တုန်းက ရှိဖူးလို့လဲ
သံယောဇဉ်ဆိုတာ
ကမ္ဘာဦးပဋိညာဉ်ပါ။
.
ယုံကြည်ရာကတော့
ယုံကြည်သူအတွက်
မနက်စာပေါ့။
.
အရာအားလုံး
ပြီးတော့လည်း
ပြီးသွားမှာပါ
ဒီတိုင်း ..
ဖြတ်လျှောက်သွားလိုက်လေ နော် ... ။
.
#KLT
25/May/19





Comments