"Aphrodite"


အိုရှိုးကို ပြန်ဖန်ဆင်းပေးပါ
အချစ်ဟာ မရှုပ်ထွေးတဲ့အကြောင်းနဲ့
သူမရဲ့ ရယ်နေတဲ့ မျက်ဝန်းတွေအကြောင်း
အဘိဓမ္မာတစ်စောင်တစ်ဖွဲ့ ရေးခိုင်းပါရစေ ..
.
သိဒ္ဓတ္တမင်းသားကို ပြန်ခေါ်သွားပေးပါ
သစ္စာလေးပါး မနာကြားရရင် နေပါစေ
တမန်တော်မိုဟာမက်လည်း မထားခဲ့ပါနဲ့
စိတ်နှလုံးသားထဲ အီမန်မရရင်နေပါစေ ..
.
သခင်ယေရှုရဲ့နာမတော်အားဖြင့်လည်း
ကယ်တင်ခြင်းကို မခံယူလိုတော့ပါ
သူမရဲ့ နှုတ်ခမ်းလွှာတစ်စုံပဲ ချန်ထားခဲ့ပေး
ကမ္ဘာပျက်တဲ့နေ့အထိ နမ်းရှိုက်စမ်းပါရစေ .. ။
.
#KLT
13/May/19



Comments