'ပြသစရာ အနီရောင်ရက်စွဲတွေမှာ အရောတဝင် နာကျင်မှုတွေ အလျဉ်းမရှိခဲ့'

တနင်္ဂနွေ အတွင်းသားကို
မြိန်ရေယှက်ရေ စားသုံးနေတာ
အအေးတုယန္တရားဟာ
လွန်လေပြီး နှစ်ကာလများရဲ့
ရထားသံပဲလေ ..
.
ဟုတ်မှန်ခြင်းတွေရဲ့ အသက်ရှူနှုန်း
စက္ကန့်အပိုင်းကိန်း သိန်းချီသွားတော့
ပြတ်တောင်းပြတ်တောင်း လစ် ..
ပရိုတင်းစားသုံးမှုနဲ့ စည်ပင်ပိုင်
အာရှရေပေါ်စီ ရူးရူးနှမ်းနှမ်းတွေရယ်
ကိုလံဘီယာမှာ အကျင့်ပျက်ခြစားမှုအတွက်
ပြည်သူ့ဆန္ဒခံယူမယ် ..
.
လယ်ဝေးတစ်ပိုင်း ရွှေဂုံတိုင်တစ်စ
ဖိနပ်သစ်တစ်ရံ ချနင်းလိုက်တယ်
နွေဦးတော်လှန်ရေး နှစ်တွေဆီ
အချိန်ခရီးသွားချင်တယ်
ရွှေဝါရောင်လား
အေဒင်ရဲ့ အဖြူရောင်မင်္ဂလာပွဲနဲ့
ကေပီရဲ့ နေစက်ရုံလား
နောက်တော့ ကျည်ခွံတွေနဲ့
သင်္ကန်းအပိုင်းအစတွေနဲ့
ပေတစ်ရာသွေးစက်တွေနဲ့
သီးလေးသီး ဘလော့ဂါ နာကူ
ဒေါင်းမာန်ဟုန်
အိတ်ဇိုင်းလ်
ဖရိုဖရဲဟာ
ဒက်ဖဒိလ်ပန်းပွင့်လေး အတောင်တစ်ခပ်မှာ
ငြိမ်သက်ပျက်ဝပ်
တနင်္ဂနွေဟာ ဒီလိုနဲ့ ခရီးနှင်သွားပြန်ပြီလေ ..
.
လေးလံလွန်းတဲ့ ရက်စွဲတွေထဲ ဖုတ်ဖတ်ခါထ
ပေါ့ပေါ့ပါးပါးဖြတ်သန်းမိတဲ့ အခိုက်အတန့်တွေက
အဲဒီလရောင်မဲ့ အသက်ရှူသံတွေမှာ
ကပ်ငြိနေခဲ့တယ် မော်နီကာ ... .. ... ။
.
#KLT
26/Aug/18

Comments