“ငါဗဟိုပြုမိသော”
ကိုယ်ဟာ ပါတေးရှင်းနစ်တစ်ယောက် ဖြစ်လာခဲ့တယ်။ အသွေးအရောင်မတူတဲ့ ပန်းတွေ နှစ်ပွင့် ဒါမှမဟုတ် သုံးပွင့် .. နှလုံးသားကို ဖောက်ထုတ်ခံထားရပေမယ့် ရင်ဘတ်ထဲမှာ တူဆွစိုက်ပျိုးခဲ့တာချည်းပဲ။ လူတိုင်းတော့ ကတ္တီပါအိပ်မက် မက်ချင်ကြမယ်။
.
ကိုယ်ဟာ အရိုင်းတစ်ကောင်။ အသက်ဝိညာဉ် တစ်ခုကို ဖန်တီးခဲ့တဲ့ ဖြစ်ရပ်မှာ အဲဒီလောက်အထိ လူသားဓာတ်တွေ ပူးကပ်နေမယ်မှန်း ဘာကြောင့် မရိပ်စားမိသလဲ။ အခု ဘယ်အပိုင်းအကန့်မှာပဲဖြစ်ဖြစ် ဒီအသက်ဝိညာဉ်လေး လိုက်ပါပူးကပ်နေပြီ။
.
ပန်းတစ်အိုးက ချိုမြိန်မှုတွေ ဖွင့်ဟချက်နဲ့ မျက်ရည်တွေ လူသားနှစ်ဦးရဲ့ အလှပဆုံး အနုပညာတွေ ဘယ်မှာမှ မသောက်သုံးဖူးတဲ့ စိမ့်စမ်းရေတွေ။ နောက်ထပ်ပန်းတစ်အိုးက အနွေးထွေးဆုံး ဒိုင်းနမစ်ဆန်ဆန် ဂျစ်တီးဂျစ်ကန် မှုန်တေမှုတွေနဲ့ ရန်ကင်းသားတစ်ယောက်ရဲ့ ခြေရာတွေအထိ နောင်တတရားကို ဆွဲဆန့်စေနိုင်တဲ့ အတောင်အလက်တွေ၊ အစိုင်အခဲ အလုံးအဖန် ယတိပြတ် ပြဋ္ဌာန်းချက်တွေ ချမှတ်လို့ မရနိုင်သေးတဲ့ မနက်ဖြန်တွေ။ နောက်ပန်းတစ်အိုးက အုတ်ဆွေးနီနီ တံတိုင်းကြီး .. ဒဏ်ရာတွေအပြိုင်းအရိုင်းနဲ့ ရင့်ကျက်မှုအမွှေးအကြိုင်တွေ ဖြူးဖြူးပြီး ဆူပွက်အေးခဲခြင်းအပေါ် ပွင့်ဖက်အကြွေတွေနဲ့ နေဆာလှုံစေခဲ့တဲ့ စေတသိက်။
.
ငါဗဟိုပြုမိလေလေ ကင်းမဲလာတဲ့ရဲရင့်မှုတွေ လျှံလျှံတက်လာတာ .. တကယ်တော့ လူသားတစ်ယောက်ဟာ ဖန်ဆင်းရှင်ရှိခဲ့သင့်တယ် .. တကယ်တော့ လူသားတစ်ယောက်ဟာ အဲဒီလောက်အထိ မွန်းကြပ်ခံဖြစ်တည်မှု အသွင်ကို ဘာကြောင့်ကူးပြောင်းလာခဲ့တာလဲ။
.
အမှန်တော့လေ .. လူသားတစ်ယောက်ဟာ သူဖန်တီးတဲ့ ဝိညာဉ်တစ်ခုတည်းနဲ့တင် ဆာလောင်မွတ်သိပ်မှု အားလုံးကို ပြေငြိမ်းအောင်နိုင်စေသင့်တာ။
.
ဒါမှမဟုတ်
အမှန်တော့ လူသားတစ်ယောက်ဟာ
အဲဒီလောက်အထိကို
လူသား မဆန်ခဲ့သင့်တာပါပဲ … ။
.
#KLT
7/4/2019
PicSource – http://ka-92.deviantart.com/art/solitude-287024895

Comments
Post a Comment