“တုသ်လက်စ်”
အရိပ်တွေကို ကြည့်မိတဲ့ အခါ
အယောင်တွေကို မြင်ရတာပေါ့
ညီမလေးဟာ အဲဒီနေ့က
ခြေသည်းတွေဖွက်ထားတဲ့ ကြောင်မလေး ..
.
မာန်ဖီလိုက်ပါအုံးကွယ်
အဲဒီ နှင်းဆီဆူးလို လက်သည်းတွေနဲ့
ကိုယ့်ရင်ဘတ်ကို ကုတ်ဖဲ့ပြီး ..
.
မိုးနှောင်းပျံသန်းမှုထဲ
ဝဲခဲ့တဲ့ ဟိုးဝေးဝေးက ပင်လယ်ဝလို
အချိုအငံတွေ ရောစပ်ထားတာ ..
မေတ္တာမိုးဟာ ပင်လယ်ရေမျက်နှာပြင်
ဘယ်နှစ်ပေအထက်မှာ ရွာသွန်းနေမလဲ ..
.
တောင်တန်းဒေသတွေမှာ
မင်းနဲ့အတူ ကိုယ်နေထိုင်မယ်
မတူညီမှုတွေ ထမ်းပိုးရတာ
ပုခုံးတွေ နာလှ လေးလံလှပြီ ..
.
မိုးနှောင်းရက်စွဲတွေထဲ
စုတ်ပြဲသွားတဲ့ ကောင်ရိုးမျှင်တွေ
သင်ခန်းစာမဲ့
ရစ်နှောင်မဲ့ ..
ဟိုး စက်တင်ဘာ မိုးနှောင်းတစ်ခုကနေ
ဟော အခု ဧပြီ မေ ပန်းငုံဖူးတွေကြား
ကိုယ်ဟာ အရက်ခိုးတအူအူ
ဆေးလိပ်ငွေ့တလူလူနဲ့
ပဉ္စလက်ဆန်ဆန် ဘဝပေတံပေါ်
အရည်မပျော်နိုင်တဲ့ အမှတ်တရတချို့
ပွေ့ပိုက်ထားဆဲပါ ..
.
အတောင်ပံတွေ ခေါက်လိုက်တဲ့အခါ
ရာသီလွန်အိပ်မက်တွေနဲ့
ကိုယ်ရဲ့ မရင့်ကျက်မှုတွေအကြောင်း
ဓာတ်ပြားဟောင်းထဲ ထည့်သိမ်းပေးထားပါ ..
.
တိတ်တိတ်လေးလားတဲ့
မင်းမသိလို့ပါ
မင်းကို ပုခုံးပေါ်မှာတင်
ရွှေဗဟိုရ်စည်တော် တီးပြီး
ဟိုးဝေးဝေး နဂါးငွေ့တန်းတွေကနေ
စင်္ကြဝဠာတိုက်တစ်သောင်းထိ
စစ်ကြေညာချင်တဲ့ အကြောင်းတွေ .. ။
.
#KLT
15/4/19
အယောင်တွေကို မြင်ရတာပေါ့
ညီမလေးဟာ အဲဒီနေ့က
ခြေသည်းတွေဖွက်ထားတဲ့ ကြောင်မလေး ..
.
မာန်ဖီလိုက်ပါအုံးကွယ်
အဲဒီ နှင်းဆီဆူးလို လက်သည်းတွေနဲ့
ကိုယ့်ရင်ဘတ်ကို ကုတ်ဖဲ့ပြီး ..
.
မိုးနှောင်းပျံသန်းမှုထဲ
ဝဲခဲ့တဲ့ ဟိုးဝေးဝေးက ပင်လယ်ဝလို
အချိုအငံတွေ ရောစပ်ထားတာ ..
မေတ္တာမိုးဟာ ပင်လယ်ရေမျက်နှာပြင်
ဘယ်နှစ်ပေအထက်မှာ ရွာသွန်းနေမလဲ ..
.
တောင်တန်းဒေသတွေမှာ
မင်းနဲ့အတူ ကိုယ်နေထိုင်မယ်
မတူညီမှုတွေ ထမ်းပိုးရတာ
ပုခုံးတွေ နာလှ လေးလံလှပြီ ..
.
မိုးနှောင်းရက်စွဲတွေထဲ
စုတ်ပြဲသွားတဲ့ ကောင်ရိုးမျှင်တွေ
သင်ခန်းစာမဲ့
ရစ်နှောင်မဲ့ ..
ဟိုး စက်တင်ဘာ မိုးနှောင်းတစ်ခုကနေ
ဟော အခု ဧပြီ မေ ပန်းငုံဖူးတွေကြား
ကိုယ်ဟာ အရက်ခိုးတအူအူ
ဆေးလိပ်ငွေ့တလူလူနဲ့
ပဉ္စလက်ဆန်ဆန် ဘဝပေတံပေါ်
အရည်မပျော်နိုင်တဲ့ အမှတ်တရတချို့
ပွေ့ပိုက်ထားဆဲပါ ..
.
အတောင်ပံတွေ ခေါက်လိုက်တဲ့အခါ
ရာသီလွန်အိပ်မက်တွေနဲ့
ကိုယ်ရဲ့ မရင့်ကျက်မှုတွေအကြောင်း
ဓာတ်ပြားဟောင်းထဲ ထည့်သိမ်းပေးထားပါ ..
.
တိတ်တိတ်လေးလားတဲ့
မင်းမသိလို့ပါ
မင်းကို ပုခုံးပေါ်မှာတင်
ရွှေဗဟိုရ်စည်တော် တီးပြီး
ဟိုးဝေးဝေး နဂါးငွေ့တန်းတွေကနေ
စင်္ကြဝဠာတိုက်တစ်သောင်းထိ
စစ်ကြေညာချင်တဲ့ အကြောင်းတွေ .. ။
.
#KLT
15/4/19



Comments
Post a Comment