"ကျပျောက်သွားတဲ့ ကဗျာ"
ကဗျာတွေ မဖတ်ကြတော့တဲ့ အကြောင်း
ကဗျာဆရာတွေ စုပေါင်း စာတမ်းဖတ်တယ်
ကဗျာ ပရိသတ်တွေ တက်ရောက်အားပေးလို့
ကဗျာ ချစ်သူတွေက အကျွေးအမွေးနဲ့ ဧည့်ခံတယ်
ကဗျာက ကမာရွတ်တစ်ဝိုက်မှာ ဂစ်တာတီးတယ်
ကဗျာက အိမ်သော့ ခဏခဏ ကျပျောက်တယ်
ကဗျာက ပလပ်ကျွတ်တယ်
ကဗျာက ဒိုင်ယာနာကို အားမပေးသလို မရှုတ်ချဘူး
ကဗျာတွေ သတ်သက်လွတ်စားပြီး တောင်ပေါ်တက်ဈေးရောင်း
ကဗျာဆရာတွေ အဟောင်းတန်းမှာ မွှေနှောက်တယ်
ကဗျာ ပရိသတ်တွေ ဘုရားဖူးထွက်လို့
ကဗျာ ချစ်သူတွေက လူသားချင်းစာနမှုအတွက် အလှူခံတယ်
ကဗျာက တစ်ခါတစ်လေ လူပီသတယ်
ကဗျာက တစ်ခါတစ်လေ လူနားမလည်တာတွေ ပြောတယ်
ကဗျာက ဘိလိယက်ထိုးတယ်
ကဗျာက နေ့နေ့ညည ဆက်ငင်ဆက်ငင်
ကဗျာတွေကို ရေစက်ချလိုက်ပြီး
ကဗျာတွေပဲ သက်ပြင်းချ သာဓု အနုမောဓနာ ခေါ်
ကဗျာတစ်ပုဒ် လမ်းလယ်ကျွန်းပေါ်မှာ
ကဗျာရွတ်ချိန်မရဘဲ ကျပျောက် ... ဘယ်သူမှလည်း မကောက်ကြပါဘူး။ ။
-ကျော်လင်းထွန်း-
ကဗျာက အိမ်သော့ ခဏခဏ ကျပျောက်တယ်
ကဗျာက ပလပ်ကျွတ်တယ်
ကဗျာက ဒိုင်ယာနာကို အားမပေးသလို မရှုတ်ချဘူး
ကဗျာတွေ သတ်သက်လွတ်စားပြီး တောင်ပေါ်တက်ဈေးရောင်း
ကဗျာဆရာတွေ အဟောင်းတန်းမှာ မွှေနှောက်တယ်
ကဗျာ ပရိသတ်တွေ ဘုရားဖူးထွက်လို့
ကဗျာ ချစ်သူတွေက လူသားချင်းစာနမှုအတွက် အလှူခံတယ်
ကဗျာက တစ်ခါတစ်လေ လူပီသတယ်
ကဗျာက တစ်ခါတစ်လေ လူနားမလည်တာတွေ ပြောတယ်
ကဗျာက ဘိလိယက်ထိုးတယ်
ကဗျာက နေ့နေ့ညည ဆက်ငင်ဆက်ငင်
ကဗျာတွေကို ရေစက်ချလိုက်ပြီး
ကဗျာတွေပဲ သက်ပြင်းချ သာဓု အနုမောဓနာ ခေါ်
ကဗျာတစ်ပုဒ် လမ်းလယ်ကျွန်းပေါ်မှာ
ကဗျာရွတ်ချိန်မရဘဲ ကျပျောက် ... ဘယ်သူမှလည်း မကောက်ကြပါဘူး။ ။
-ကျော်လင်းထွန်း-


Comments
Post a Comment