"သိသလိုတော့ရှိကြမည် ... သို့သော်"
စမ်းသပ်မှုလို့လဲ အခေါ်ရခက်
လောဘတွေနယ်ကျွံသွားချိန်
အမှန်မြင်ဖို့ ပေးဆပ်ရတာက
ကိုယ်ကျင့် ...
လောဘတွေနယ်ကျွံသွားချိန်
အမှန်မြင်ဖို့ ပေးဆပ်ရတာက
ကိုယ်ကျင့် ...
ဒါပေမဲ့ ဘဝထဲ
ကိုယ်တွေ့သိမှုထက်
ဘယ်အရာ ပိုသာကဲသေးလို့လဲ
လက်ခုပ်သံရှင်တွေရဲ့ ဆလိုက်မီးရောင် အကွယ်
ကိုယ်တိုင်တွေ့ထိခံစား
ဘာကြောင့် ပညတ်ထားကြသလဲ ဆိုတာ
သူ့ထက်ပို သိနိုင်မှာလား
နေဝင်အမောတွေ နင့်ထွေးပျို့တက်
ရမ္မက်ကြော့ကွင်းဟာ
တဒင်္ဂ
စိတ်တိုင်းမကျခြင်းနဲ့ပဲ ဇာတ်သိမ်း
ချစ်ခြင်းမေတ္တာမပါတဲ့ ရုပ်သဘော နှီးနွှယ်မှုဟာ
မာတင်းခြောက်ကပ်လို့ ။ ။
ကျော်လင်းထွန်း
ကိုယ်တွေ့သိမှုထက်
ဘယ်အရာ ပိုသာကဲသေးလို့လဲ
လက်ခုပ်သံရှင်တွေရဲ့ ဆလိုက်မီးရောင် အကွယ်
ကိုယ်တိုင်တွေ့ထိခံစား
ဘာကြောင့် ပညတ်ထားကြသလဲ ဆိုတာ
သူ့ထက်ပို သိနိုင်မှာလား
နေဝင်အမောတွေ နင့်ထွေးပျို့တက်
ရမ္မက်ကြော့ကွင်းဟာ
တဒင်္ဂ
စိတ်တိုင်းမကျခြင်းနဲ့ပဲ ဇာတ်သိမ်း
ချစ်ခြင်းမေတ္တာမပါတဲ့ ရုပ်သဘော နှီးနွှယ်မှုဟာ
မာတင်းခြောက်ကပ်လို့ ။ ။
ကျော်လင်းထွန်း


Comments
Post a Comment