“ကြောင်စားသွားသော မျှော်လင့်ချက်များ”



ရွှဲနစ် မြေစေးတွေ
တနင်္ဂနွေ စနေ မရွေးတော့
ခြေရာလည်း ပျောက် ရေလည်းနောက်မို့
အို မိုးရေ . . . မှတ်တိုင်တစ်ထောက် နားလှည့်ပါ . . .

ယန္တရားတွေ ခုတ်မောင်းနေလိုက်တာ
ဆောင်းကတ္တီပါညတွေ အ၀င်နှောင်းရော့မယ်ထင့်
တလွင့်လွင့်လေတံခွန်မှာ ငါသည်လည်း ငွေကျွန်
ခြင်္သေ့တွေ . . . ဆင်တွေနောက် လိုက်ရင်း ပြေးရင်း
ဘ၀ တရားစီရင်ခန်းထဲ
ကျင့်ဝတ်တွေ အေးခိုက်ချမ်းတုန်
တစ်နေ့ပြီးတစ်နေ့ ကုန်လွန်လျက်ပေါ့ . . .

တိတ်ဆိတ်မှုနဲ့ ခေါ်သံတွေအကြား
ဓာတ်ဆားရေတစ်ထုပ် ဖောက်သောက်လိုက်သလို
အမောအပန်းတွေလည်း  ချွေးမသိပ်ချင်
အတ္တဘောကို ဖျောခနဲသာ
မျှောပစ်ချင်တော့သည် . . . ။

ကျော်လင်းထွန်း
၁၂၊ သြဂုတ်၊ ၂၀၁၄

Comments