"ဆက်လုပ်"

ငြိမ်းချမ်းရေး တေးချို

ကျည်ဆံတွေ ဘေးချလိုက်ပေါ့

တီးပါ ၊ ခတ်ပါ . . . ငြိမ်းချမ်းရေး တေးချို

ငြိမ်းချမ်းရေးဟာ ကျောင်းသုံးစာအုပ် ဖြစ်သင့်ပြီ

ငြိမ်းချမ်းရေးဟာ နီတာရဲ လေးလာ ၊ ၀ါတာတာလေးလား

ဘာပဲဖြစ်ဖြစ်ပေါ့

မွေးကို မွေးရမယ့် သားလှရတနာပဲဟာ

ဆက်လုပ်ပါ ငြိမ်းချမ်းရေး

ကချင် ကယား ဗုံးသံတွေ မကြားရပါစေနဲ့
 

ကရင် ချင်း စစ်တလင်းများနဲ့ ဝေးပါစေ
 

ဗမာ မွန် စစ်နွံတွင်းမှ လွတ်ပါစေ
 

ရခိုင် ရှမ်း ယမ်းငွေ့တွေ ပြယ်လွင့်ပါစေ . . . ။

ကျော်လင်းထွန်း

Comments