“ကျန်တစ်ဝက်”

အမှန်တရားက အမှားတစ်ရံစီးပြီး ခရီးနှင်နေရဲ့
သဲကြိုးကြောင့် အရိုးစွဲအောင် ခိုက်ကျင်
ဘ၀ကို ပြင်ဆင်ဖြည့်စွက်ဖို့ ဘ၀င်ရတက်မအေး
ကျေညက်ပြီးသား ငါ့ ညနေခင်းလေးထဲ လာလာ ဈေးဆစ်
အချစ်ဆိုတာ ပစ်ချလို့မရတဲ့ Atomic Weapon
မနက်ဖြန် အတ္တနွံတွေနဲ့ မပိတ်လှောင်တော့ဘူးလို့
နောင်တမလွန် ကတို့ဆိပ်ရောက်မှ ပြောမယ်
ပန်ကာတွေ လည်နေတာ ကာပြန်သက်ရောက်မှု ဆွံ့တိတ်စွာ
ဘဲလေးကချေသည်ကို နေဆယ်ဆလောင်မြိုက်ရာ မဖိတ်ခေါ်ရက်
သူ့ဇာတ်ကရှုံးတယ်
အဆုံးသတ် ရှယ်ပေါ့ဆိမ့်လို အပြုံးတွေ မပြတ်သား
မုန်ပြားသလပ်နဲ့ ကပ်ခဲ့သမျှ မုန့်လုံးစက္ကူ
ကြာကလပ်ပေါ်က နှလုံးသားလို သွေးဆုတ်ဖြူရော်
ကဇော်တစ်ခွက် လောင်းထည့်စိမ်ထားလိုက်တယ် . . .

အိပ်ကပ်ကို ရှုရင်းမှတ်မိတဲ့ ဖောင်းပိန်တရား
ဖားပိန်ကို ဓါးနဲ့ ခွဲချင်လွန်းခဲ့ပေမယ့်
ရင့်နေတဲ့ဗီဇကလပ်စည်းက ငယ်အိပ်မက်တွေကို ပိုင်းခြားခံရပြီးနောက်
ဒါးပိန် ဟိုမှာဘက် ယွန်းယွန်းဆီက
ထန်းတက်သမား ကိုငှက်ခါး လောက်တောင် . . .

ဘ၀ဟာ မပြောင်ရောင်တော့ဘူး
ဘ၀ဟာ အခမ်းနား . . မငြိမ်းချမ်းတော့ဘူး
ဒါ ဒီညမူးဖို့ မှတ်တမ်း အချက်အလက် တစ်ဝက်တိတိ ဆိုပါတော့ . . . ။


-ကျော်လင်းထွန်း-


Comments