“ကြယ်သေမိဖုရား”
ကြယ်ကလေးရေ
ယူငင်သိမ်းပိုက်လိုက်ပါ
လိမ့်ဆင်းလာတဲ့ မျက်ရည်များစွာကို
ကာရန်တွေ ဖုထစ်နေလိုက်တာ
ငါ…ကုတ်ဖဲ့ ဖျစ်ဖောက်
အသစ်ကျပ်ချွတ် လ၀န်းဆီ
ပေါက်ထွက်သွားတယ် . . .
ကြယ်ကလေးရေ
မင်းရဲ့သေဆုံးခြင်းဟာ ရိုးစင်းလွန်းလို့
ကြီးစွာသော မင်းရဲ့ ကရုဏာတော်အတွက်
ဝါကျင့်ကျင့် လင်းလက်ရောင်ခြည်ပျိုးစ
စန္ဒဒေ၀ီနှင်းအပ်တဲ့ ကမ်းစပ်ညမှာ
မင်းရဲ့ ဆံနွယ်တွေ တွဲရရွဲ
ဖြာကျလို့
အို…လှရက်နိုင်ပါပေ့
မင်းရဲ့အလှပရ၀ုဏ်မှာ
နွေနှောင်းလွန်ကာလ အပူငွေ့ငွေ့တောင်
သေးနုတ်လို့
ငုတ်မိသဲတိုင်
သမုဒယ ရင်ဝထိ ဆွဲကိုင်လှုပ်ခတ်
ငါ့အသည်းစိုင်တွေ ကြွေပျက်သွားခဲ့တယ်
. . . ။
-ကျော်လင်းထွန်း-



Comments
Post a Comment