“ မြို့ပျက် ဂျက်စ်ပဲရိုး”
ပင်လယ်ကို တွေ့တော့
မျက်တောင် ခတ်ဖို့ နှမြော တသသ
ငယ်အိပ်မက်တွေ လှစ်ဟဖော်ပြသလို
အလိုလိုနေရင်းက
တိကျစေ့ငမှုကင်းမဲ့နေတဲ့ ဆန္ဒတွေ
ဝေဆာပြည့်ဖြိုးလို့
သက္ကရာဇ်တွေထဲ ခဏခဏ
ကြွေဝါညှိုးခဲ့ရ ရွက်ဟောင်းတချို့
ပင်လယ်လေအလူး
လတ်ဆတ် မြူးတူးစိမ်းသစ်
အံ့ဘွယ်ဘနန်း
ခပ်ကြမ်းကြမ်း ခုတ်ထစ်နေတဲ့
ရေလှိုင်းတချို့
ကမ္ဘာ့ပုခုံးစွန်းကို ပေါက်ပြဲကွာကျအောင်
တံတောင် တွတ်နေသလို ပါပဲလား
သိမ့်သိမ့်အံ့အဲ… တဝေါဝေါ
မြည်ဟီးမစဲ
ပင်လယ်ဝဲက ပွေ့ပိုက်ချော့မြူလို့
တံခါးဖွင့်ဝါဒဟာ ချောင်းသာတစ်ဝိုက်
ခရီးရောက်မဆိုက် တဒင်္ဂ
မော်တင်စွန်းဘုရားပွဲ နွဲပျော်တော့မယ့်
တံခါးဖွင့်ဝါဒသုံး ညုတုတု အပြုံးတချို့
သောင်ကျွန်းအုံးရေတစ်ကျိုက်နဲ့
ဓါးပြတိုက်ပစ်လိုက်တယ်
ဒါပေမဲ့ . . .
မုန့်လုံးကို စက္ကူကပ်ဖို့ကျတော့
ငတပ်ပြားဟာ ပင်လယ်ရပ်ခြား အလွမ်းတွေနဲ့
ဆို့နင့်လို့. . . ။



Comments
Post a Comment