'Digit Cells'

ဒစ်ဂျစ်ဆဲလ်တွေထဲမှာ 

သွေးနီဥတွေ မရှိဘူး
ဒစ်ဂျစ်ဆဲလ်တွေထဲမှာ 
မျောနေတဲ့ လျှပ်စီးစတွေ
ဒစ်ဂျစ်ဝင်ဆံ့မှုတွေနဲ့
တိမ်တိုက်တွေ အကြားမှာ
ခြားနားခြင်း ...

ဟိုက်ပါပြတ်ရွေ့တွေရယ်
ဟိုက်ပါငလျင်တွေရယ်
Hyperbol တွေ လွတ်ကျ
အဲဒီလိုနဲ့
တုံ့ဆိုင်းမှု မွန်းလွဲတွေက
ရောက်လာကြပြန်ရော ...

သွေးတစ်သျှူးတွေဟာ
သံသရာစက်ကွင်းလို
ဝန်းဝိုင်းမှု သင်္ကေတနဲ့
01001101 01101001
01110011 01110011
00100000 01110101
00100000 ...

#KLT
7/July/18




Comments