‘သားကြီး .. အမေရှိရင် ငွေရှိတယ်’
စစ်ပွဲကို ဆိုရှယ်နက်ဝေါ့ကနေ
တိုက်ရိုက်ကြည့်လို့ရတဲ့ နိုင်ငံမှာ
ငြိမ်းချမ်းရေးက တာမွေအဝိုင်းထိပ်အရောက်
အကြမ်းဖက်ခံရတယ် ….
ရွှေနန်းတော်ထဲက မယ်နုဟာ
အရာရာအတိတ်မေ့နေချိန်
နောက်တစ်ကွေ့ဟာ ချောက်ပဲလား !
မျိုးဆက်များစွာအတွက် အရာရာခြောက်ခြားသွားတယ်
အောက်ဆုံးက ဘဝလမ်းဆုံးသူတွေကို
အပြစ်ဖို့သူတွေက ဖို့တယ် …
မြေနိမ့်ရာအမြှောက်နဲ့ ခွင်းပြီး
ခရိုနီကို အင်းသူကြီး လုပ်ခိုင်းတဲ့အကွက်တွေ
ရိုးရိုးအအ လယ်သမားတွေက ဘယ်နားလည်ပါ့မလဲ
ဘုရားပွင့်ပြီး မဖူးရလိုက်သူတွေလို
မဲပေးပြီး ဒီမိုကရေစီမရသူတွေဟာ
လမ်းပေါ်ထွက် ခွက်ဆွဲရမလို .. စားပိုးနင့်လို့ …. ။ ။
-မိုးလှိုင်ည-
3/6/18 [Sunday]
Art: Hla Phone Aung
တိုက်ရိုက်ကြည့်လို့ရတဲ့ နိုင်ငံမှာ
ငြိမ်းချမ်းရေးက တာမွေအဝိုင်းထိပ်အရောက်
အကြမ်းဖက်ခံရတယ် ….
ရွှေနန်းတော်ထဲက မယ်နုဟာ
အရာရာအတိတ်မေ့နေချိန်
နောက်တစ်ကွေ့ဟာ ချောက်ပဲလား !
မျိုးဆက်များစွာအတွက် အရာရာခြောက်ခြားသွားတယ်
အောက်ဆုံးက ဘဝလမ်းဆုံးသူတွေကို
အပြစ်ဖို့သူတွေက ဖို့တယ် …
မြေနိမ့်ရာအမြှောက်နဲ့ ခွင်းပြီး
ခရိုနီကို အင်းသူကြီး လုပ်ခိုင်းတဲ့အကွက်တွေ
ရိုးရိုးအအ လယ်သမားတွေက ဘယ်နားလည်ပါ့မလဲ
ဘုရားပွင့်ပြီး မဖူးရလိုက်သူတွေလို
မဲပေးပြီး ဒီမိုကရေစီမရသူတွေဟာ
လမ်းပေါ်ထွက် ခွက်ဆွဲရမလို .. စားပိုးနင့်လို့ …. ။ ။
-မိုးလှိုင်ည-
3/6/18 [Sunday]
Art: Hla Phone Aung



Comments
Post a Comment