"ရေတွက် မကုန်သော ဓာတ်ပြားများ"
ပြောစရာ မရှိတော့ ဓာတ်ပြားဟောင်းကြီး ပြန်ဖွင့်
ဂူဂဲလ် ထရန်စလိတ်လို ကျနော်တို့ ဘ၀တွေ စိတ်မချရတဲ့ အကြောင်း
အိုင်ဖုန်းလို ယူတို့ ကိုယ်တို့ ၀ယ်မသုံးနိုင်သေးတဲ့ဟာက ပြည်သူ့အာဏာ
ဆိုနီအိတ်စပီယာလို စပယ်ယာပါ့တ် ဈေးကြီးတဲ့ ကိုယ်တို့ အိပ်မက်တွေ
ဂူဂဲလ် ထရန်စလိတ်လို ကျနော်တို့ ဘ၀တွေ စိတ်မချရတဲ့ အကြောင်း
အိုင်ဖုန်းလို ယူတို့ ကိုယ်တို့ ၀ယ်မသုံးနိုင်သေးတဲ့ဟာက ပြည်သူ့အာဏာ
ဆိုနီအိတ်စပီယာလို စပယ်ယာပါ့တ် ဈေးကြီးတဲ့ ကိုယ်တို့ အိပ်မက်တွေ
တကယ်တော့ စပယ်ယာပါ့တ်တွေပဲ ၀ယ်စုထားရတာပါ
ကိုယ်တွေမှာ အဓိကကျတဲ့ . . . စီပီယူလို ဦးနှောက်မျိုး
ယာယီမန်မိုရီ၊ ဘက်ထရီ . . . ဒါတွေ မ၀ယ်ရသေးဘူး
ဟော . . . နေစောင်းပြီ
အသေမောင်းမယ့် အထူးကားတွေပေါ် တက်ရတော့မယ်
အန်းဒရွိုက်ဖုန်း တလုံးကို ဖွင့် . . . နားကျပ်စွပ်
ပြီးတော့
ခွေးလို . . ၀က်လို . . .
နသတ်ရုံ အပို့ခံရတဲ့ နွားတွေလို
ဆွဲဆရာရေ
အဲ . . . ဘာပြောကောင်းမလဲ
သွေးကျဲမိရုံမက သွေးပါ ခြောက်သလောင်းသွားခဲ့ရ
မြန်မာရွှေ့ပြောင်းလုပ်သားတယောက်ရဲ့ ကလေး
ဓာတ်လိုက်လို့ အသက်ပျောက်သွားတယ် ။ ။
-ကျော်လင်းထွန်း-

Comments
Post a Comment