"မိုးစကား"
တစ်နေ့ တစ်နေ့နဲ့ လပေါင်းလည်း များစွာ ပြည့်ခဲ့ပြီ
ဖြည့်မိရဲ့လား . . မိုးရေစက်တွေကတော့ ငါ့အနား ဖြိုင်ဖြိုင်ရွာဖြိုး
ဝေးပြီ ဝေးပြီနဲ့ အတွေးပန်းချီထဲမှာ ခြေဖျားထောက်သူ
ကိုင်းဖျားကိုင်းနား မမှီမကမ်း
အပင်က မြင့်လာတာလား သူက နိမ့်သွားတာလား
ကောက်ကျစ်မှုတွေ လုံးထွေး ရစ်ပတ်
ဟော . . ရယ်လိုက်သလား
ဟုတ်ပါတယ် . . ငါကိုယ်တိုင်လည်း ကောက်ကျစ်မှု အချို့ သယ်ပိုးထား
ခိုးဆိုး လုယက်သွားလို့ပါ
တိုတိုပြတ်ပြတ်ပဲ အော်ချင်တယ်
မြန်မာပြည် အနာဂတ်အတွက် ငါ . . .
ဘယ်ပထွေးကို အဖေခေါ်ရအုံးမှာလဲ ။ ။
-ကျော်လင်းထွန်း-
Art Credit; Myoe Win Aung
Link; http://www.michaelbackmanltd.com/sitebuilder/images/Painting07-989x793.jpg
ကိုင်းဖျားကိုင်းနား မမှီမကမ်း
အပင်က မြင့်လာတာလား သူက နိမ့်သွားတာလား
ကောက်ကျစ်မှုတွေ လုံးထွေး ရစ်ပတ်
ဟော . . ရယ်လိုက်သလား
ဟုတ်ပါတယ် . . ငါကိုယ်တိုင်လည်း ကောက်ကျစ်မှု အချို့ သယ်ပိုးထား
ခိုးဆိုး လုယက်သွားလို့ပါ
တိုတိုပြတ်ပြတ်ပဲ အော်ချင်တယ်
မြန်မာပြည် အနာဂတ်အတွက် ငါ . . .
ဘယ်ပထွေးကို အဖေခေါ်ရအုံးမှာလဲ ။ ။
-ကျော်လင်းထွန်း-
Art Credit; Myoe Win Aung
Link; http://www.michaelbackmanltd.com/sitebuilder/images/Painting07-989x793.jpg



Comments
Post a Comment