'မရှိသော...'




မော်ကြိုက်တဲ့ state express ကို တရှိုက်စီဖွာ
ဟိုစီးတဲ့ ရာဘာဖိနပ်နဲ့
မိုးတွေတော့ ရွာပါသည်

တိုးဆိတ်စွန့်အဖူးတဲ့ ချာတိတ်လေးဘဝက အသက်ရှူသံတွေ ပြန်ငေး
အဲဒီတုန်းက တိမ်လိပ်တွေ တော်တော်ဝေးဝေးမှာနော်

ပလက်ဖောင်းရှိတယ်
အင်တာနက်ရှိတယ်
မိုးရေစက်ရှိတယ်
ဂီတရှိတယ်
မညီမျှမှုတွေ ရှိတယ်
ဓမ္မာရုံရှိတယ်
ဘီအမ်ကားရှိတယ်
ငါပဲ . . . မရှိတော့တာပါ

-ကျော်လင်းထွန်း-

Comments