"ငုပ်ကောင်"




တစ်ခါတစ်ခါ ငြိမ်သက်နေခြင်းဟာ
နေကွယ်လပျောက် ခံနိုင်ရည်တွေ ဆုံးရှုံး
ကျောက်ရိုင်းအကြောင်း မသိတော့လည်း
ချုပ်ရိုးအထပ်ထပ်ကသာ
မျက်ရိုင်းအရှည်နဲ့ တောထူလာရတယ်
အာသီသတွေ ပွင့်ဖူးစေချင်ပြီလား . . .

တစ်ရာသီးစာ ဓားတစ်လက်နဲ့တော့
သံချေးပဲ အတက်ခံလိုက်မယ်
ရနံ့ကို လိုချင်သူအတွက်
ကင်းဘက်ကို ဆော့မိတဲ့ ယုံကြည်ခြင်း
ခုနစ်နေ့နံလုံး မုန်းသွားပြီတဲ့ . . .

ကျွန်တော့် မျက်လုံးထဲမှာ
ကြယ်ရနံ့ကိုလည်း ရနေတယ်
မိုးဦးလေလိုလည်း စွတ်စိုအေးစက်တယ်
ချစ်သူဈာပနလိုလည်း ကြေကွဲမိတယ်
ငြိမ်ဆိတ်ခြင်းနဲ့ နှုတ်ဆက်ရပြီလား . . .

အစကတည်းက ရာဇ၀င်မတူသူများ
သင်တို့ရဲ့ မျက်လုံးအကြည့်နဲ့ သွေးသွင်းတိုင်း 
စည်းဝါးကိုက် ကခုန်ပေးရမှာလား . . . ။ 

ရိုးမာန်

Comments