"အဝေးစကား"






မထူးဆန်းတဲ့ နေ့တွေ
သမရိုးကျ အလွမ်းတွေ
မျှော်လင့်ခြင်းမဲ့ ရာသီတွေ
မိုးစွေသလို လရောင်လည်းစွေတယ်
လရောင်နဲ့ အခြောက်လှမ်းလည်း
ကိုယ်ပူတဲ့ ဒဏ်ရာက နွမ်းဆဲပါ . . .

ဘ၀ဆိုတာ
ခဏလေး ငိုကြွေးတာမျိုး
အခိုက်အတန့် ရယ်မောတာမျိုး
အဲဒီလို မဟုတ်ခဲ့ရင်
ကိုယ်စွမ်းသလောက် ကိုယ်ရောက်တဲ့
ခရီးတခုလေပ . . .

အနည်းငယ် လွဲချော်မှုတွေ
ဘယ်လောက်များ များခဲ့ပြီလဲ
တို့တွေ ကံမဆုံသူချင်း
သတင်းတွေပဲ မေးရအောင် . . .

ရိုးမာန်

Comments