"ကောင်းကင်နီ"
အနောက်ဘက်ယွန်းယွန်း အဝေးဆီသို့ ငေးကြည့်မိစဉ် မုတ်သုံလေဦးမှာ မနိုးထသေး၊ နီးဆွေးသော ကောင်းကင်ထက် လူသားတို့၏ အသက်ဝိညာဉ်များက ဦးညွတ်နေသယောင် တိမ်တောင်များ ဆော့ပြေးကစားနေကြ၏။
လက်ဝဲသစ်(New Left) အရ လူငယ်၊ ကျောင်းသား၊ လူမျိုးစု၊ ပညာတတ်လူတန်းစားများက အလုပ်သမားလူတန်းစား၊ ပစ္စည်းမဲ့လူတန်းစားတို့၏ နေရာကို အစားထိုးဝင်ရောက်လာပြီ။ ၎င်းတို့သည် အရင်းရှင်စနစ်ကို မြေမြှုပ်သင်္ဂြိုဟ်ပစ်မည့် ကျင်းတူးသမား (Gravediggers of Capitalism) များ ဖြစ်လာသည်။ ဤကား ၁၉၆၆-၇၉ ကြားကာလ အမေရိကန်ပြည်ထောင်စု၌ ဖြစ်ပွားပေါ်ပေါက်ခဲ့သည့် လှုပ်ရှားမှုများ အပေါ် Herbert Marcuse သုံးသပ်လိုက်သော လက်ဝဲသစ် (New Left) စိမ့်ဝင်ပြန့်နှံနေပုံ။
ခေတ်ကာလများက ဦးညွတ်လာကြသည်မှာ ခရစ်နှစ် သက္ကရာဇ် ၂၀၁၄ မေဒေး သို့ပင် ရောက်ရှိတော့မည်။ မြန်မာပြည်၏ ကောင်းကင်ကြီးမှာ နီမြန်းစဲ။ မေ့မေ့ပျောက်ပျောက်နေ၍ မရ။ ဆင်းရဲ၍ ဖြစ်သလော . . ၊ ဤအကြောင်းတစ်ချက်တည်းကြောင့် မဟုတ်ပေ။ မြန်မာသည် ကွန်ဂို မဟုတ်၊ ဂီနီ မဟုတ်။
သို့သော် လက်လှုပ်မှ ပါးစပ်လှုပ်ရမည့် သူများ ဒုနှင့်ဒေး။ ဤပြည်တွင် သယံဇာတများ အလျှံပယ်ပေါကြွယ်နေသည်ကား ကမ္ဘာသိ၊ ဤပြည်တွင် ပညာတတ်လူလတ်တန်းစားများ (Elites) လည်း အတန်ငယ် ရှိ၏။ မည့်သူတစ်ဦး တစ်ယောက်မျှတော့ လီကွမ်ယုလို ပုဂ္ဂိုလ်ဖြစ်မလာသေး။
ငါစွဲတွေများ၏။ ဖာသိဖာသာ တရား လက်ကိုင်ထားကြ၏၊ အဆိုးဆုံးမှာ ဘယ်သူသေသေ ငတေမာရေး တာဆူနေခြင်း ဖြစ်လေသည်။ "ကောင်းကင်နီကြီးက တို့ကမ္ဘာမြေကို ဖျက်ဆီးလေမလား" . . . ၊ မည်သူတို့၏ အတွေးဖြစ်ခဲ့မည်ကို အားလုံးအသိပင်။
ဦးလေးဟို အတွက်လည်း ကောင်းကင်နီ ဖြိုဖျက်လိုသူများက အဟန့်အတား၊ လူကလေး ဂွေဗားရား အတွက်လည်း ကောင်းကင်နီ ဖြိုဖျက်လိုသူများက အဟန့်အတား၊ ခန်းဆောင်နီ အိပ်မက်ထဲက လီနင်အတွက်လည်း ကောင်းကင်နီ ဖြိုဖျက်လိုသူများက အဟန့်အတား။ သခင်အောင်ဆန်းအတွက်လည်း ကောင်းကင်နီ ဖြိုဖျက်လိုသူများက အဟန့်အတား။
ရင်နှင့် ဆေးခြယ်ခြင်း ဖြစ်၏။ ဆိုလိုရင်းမှာ ထိုထို ပုဂ္ဂိုလ်များသည် နှလုံးသွေးဖြင့် ခြယ်သခဲ့ကြခြင်း ဖြစ်သည်။ တစ်ပြေးညီမှုကို ဒီမိုကရေစီနှင့် တစ်တန်းတည်း ယှဉ်ကြ၏။ အမှန်မှာ ၎င်းချင်းရာနှစ်ခုလုံးသည် သီးသန့်ဖြစ်တည်မှု ဖြင့်သာ ရပ်တည်နေသည်။ ဒီမိုကရေစီတွင် ဘုံသဘောတရားများ ပါဝင်သလို ဘုံဝါဒတွင်လည်း ဒီမိုကရေစီ၏ အသွင်များ ထင်ဟပ်လျက် ရှိသည်။ Democratization များ အလျှိုအလျှိုနိုးကြွလာ၏။ ကိစ္စမရှိ . . . ၊ ၂၁ လူငယ်တို့ ဘုံနှလုံးသားကို ဘာမှန်းမသိကြတော့ . . ကိစ္စမရှိ၊ ခေတ်ကိုက ကွဲမှလွဲမှ ဖက်ရှင်ကျလာသလို . . . ၊ ဟုတ်သည်။ ၎င်းတို့သည် ကောင်းကင်နီအောက်တွင် အမိုးအကာ (ချမ်းသာကို မဆိုလို) များ နှင့် ၊ လင်းလင်းချင်းချင်းမမြင်နိုင်ရှ
-ကျော်လင်းထွန်း-



Comments
Post a Comment