“အတ္တ တော်လှန်ရေး”


အတ္တ နာနာ သွေး

အမှန် များများ မွေး

အတွေး များများ ခေါ်

အဖော် များများ ထား

အဖျား မပျံ နှင့်

မလှန်ရဲ ခံပဲခံ

မခံချင် လှန်နိုင်အောင်လုပ်

အောက်ခြေ မလွတ် နှင့်

ချစ်ခြင်းမှာ သစ္စာထား

ဝေဖန်ရေးကို အနားခေါ်

အမှားဆို  အန်ချ လွှင့်ထွေး

သွေးပြီးသား အတ္တတွေ

ချွန်စေ . . . ထက်စေ . . . မွန်မြတ်စေ . . . ။            ။



-ကျော်လင်းထွန်း-

Comments