"မမက်ဖူးတဲ့အိပ်မက်"
ဘာမှမရေးခင်တုန်းကတော့
ကိုယ်ဟာလူကောင်းပဲ ...
ဒါပေမယ့်
ဘဝဆိုတဲ့အလောင်းအစားထဲကို ဝင်ခဲ့တယ် ..
စီးကရက်တွေ ဂျင်းပင်တွေ တီရှပ်လှလှတွေ
ကိုယ်ဟာလူကောင်းပဲ ...
ဒါပေမယ့်
ဘဝဆိုတဲ့အလောင်းအစားထဲကို ဝင်ခဲ့တယ် ..
စီးကရက်တွေ ဂျင်းပင်တွေ တီရှပ်လှလှတွေ
ဝီစကီဝါဖန့်ဖန့်တွေလွင့်ဝေနေတဲ့ ရာစုနှစ်တွေ
ဂျစ်ပစီလေးဟာ အိမ်နဲ့အကြိမ်ကြိမ်ဝေးခဲ့တယ် ...
စဉ်းစားနေမိတာက
အဲဒီရောက်လာအုံးမယ့် ဆောင်းရာသီတွေ
ညဘက်အလုပ်စားပွဲလေးပေါ်
လွမ်းဆွတ်မှုတွေအရည်ပျော်ခဲ့ရကြောင်း
တစ်ကိုယ်တော်အာသာဖြေမှုမှာ
အထီးကျန်ခြင်းတွေ
အကြိမ်ကြိမ်ပွင့်ထွန်းခဲ့ရကြောင်း ...
အလွမ်းကြောင့်လင်းတဲ့ကြယ်တွေမရှိဘူး
ကြယ်တွေလင်းလို့လွမ်းနေတဲ့ညတွေရှိတယ်
ကိုယ်ကြည့်မနေပေမယ့်
စူးရှမှုက ဖယ်ရှားမရခဲ့ဖူး
ဘယ်သူမှားတာလဲ ...
မင်းအတွက်ဆိုရင်
မသေတဲ့ကြယ်တစ်လုံး
ဂလက်ဆီတစ်ခုလုံးမုန်းအောင်
ငါလောင်ကျွမ်းနေရတယ် ...
လူတွေ သိပ်မဖြစ်ဖူးကြတာက
တချို့သောလူတွေရဲ့ပြောင်းလဲမှုကိုတောင်
မတောင့်တ မလိုချင်တော့တာမျိုး
အတောင်ကျိုးသွားတဲ့ ဆိုင်းငံ့ရပ်တန့်ခြင်းတွေ
တကယ်အရှိတရားဖြစ်ခဲ့တယ် ...
တောင်တန်းဒေသတွေဆီသွားတဲ့အခါ
ကိုယ်လှုံဖို့ ရင်ငွေ့တစ်စုံရယ်
အနွေးထည်ဆင်တူနဲ့
အသွင်တူခြင်းဆိုတာ
ကိုယ့်ရဲ့စီးဆင်းမှုမှာ
စဉ်းစားနေမိတာက
အဲဒီရောက်လာအုံးမယ့် ဆောင်းရာသီတွေ
ညဘက်အလုပ်စားပွဲလေးပေါ်
လွမ်းဆွတ်မှုတွေအရည်ပျော်ခဲ့ရကြောင်း
တစ်ကိုယ်တော်အာသာဖြေမှုမှာ
အထီးကျန်ခြင်းတွေ
အကြိမ်ကြိမ်ပွင့်ထွန်းခဲ့ရကြောင်း ...
အလွမ်းကြောင့်လင်းတဲ့ကြယ်တွေမရှိဘူး
ကြယ်တွေလင်းလို့လွမ်းနေတဲ့ညတွေရှိတယ်
ကိုယ်ကြည့်မနေပေမယ့်
စူးရှမှုက ဖယ်ရှားမရခဲ့ဖူး
ဘယ်သူမှားတာလဲ ...
မင်းအတွက်ဆိုရင်
မသေတဲ့ကြယ်တစ်လုံး
ဂလက်ဆီတစ်ခုလုံးမုန်းအောင်
ငါလောင်ကျွမ်းနေရတယ် ...
လူတွေ သိပ်မဖြစ်ဖူးကြတာက
တချို့သောလူတွေရဲ့ပြောင်းလဲမှုကိုတောင်
မတောင့်တ မလိုချင်တော့တာမျိုး
အတောင်ကျိုးသွားတဲ့ ဆိုင်းငံ့ရပ်တန့်ခြင်းတွေ
တကယ်အရှိတရားဖြစ်ခဲ့တယ် ...
တောင်တန်းဒေသတွေဆီသွားတဲ့အခါ
ကိုယ်လှုံဖို့ ရင်ငွေ့တစ်စုံရယ်
အနွေးထည်ဆင်တူနဲ့
အသွင်တူခြင်းဆိုတာ
ကိုယ့်ရဲ့စီးဆင်းမှုမှာ
အနွံတာခံ ကျားကန်ပေမယ့်
ကမ်းပါးယံတွေလို အနာဂတ်ဝိညာဉ် ... ။
#မိုးလှိုင်ည
#KLT
ကမ်းပါးယံတွေလို အနာဂတ်ဝိညာဉ် ... ။
#မိုးလှိုင်ည
#KLT



Comments
Post a Comment