= = = ရေခဲမြစ် = = =
ငြိမ်သက် အေးခဲ . . . ဒီမြစ်ထဲ တို့တွေ စီးဆင်းကြ
နေသာည လမိုက်မွန်းလွဲ
ပလက်ဖောင်းတွေ ကြိုးဆွဲချလိုက်တော့
ဖျော့သွားတဲ့ တိမ်တိုက်တွေ
မကျေချမ်းမှုနဲ့ . . .
ငါတို့ မြစ်မှာ ဖျံတွေ မပုပ်သိုး
ငါတို့ မြစ်မှာ အရာအားလုံး အခိုးခံလိုက်ရ
ဂုဏ်သိက္ခာ ဆိုတာ ၀င်ငွေလား
အဆင့်အတန်း ဆိုတာ ၀င်ငွေလား
ဝင်ငွေလား . . ၀င်ငွေလား . . ၀င်ငွေလား
ငါတို့ မြစ်မှာ ငါတို့ ပုပ်သိုးတော့မယ်
ဘာမှ မပေးစွမ်းနိုင်ဘူး . . . ဘာမှ မလှုပ်နှိုးနိုင်ဘူး ။ ။
-ကျော်လင်းထွန်း-


Comments
Post a Comment