"မိုးသားကောင်းကင်လေး"
မိုးသားလေးရဲ့
မိုးကုတ်စက်ဝိုင်းလို မျက်ဝန်းလေး
ကိုယ့်ကို ကြည့်ငေးပြီး
ပြုံးရယ်ပြတဲ့ နေ့ကတည်းက
ကိုယ့်နှလုံးသားဟာ မိုးအုံ့သွားတော့တာပါပဲ။
ရက်စွဲတဲ့လား
ရှေးလူသားတွေ ထွင်ထားခဲ့တဲ့
ပြက္ခဒိန်ရက်စွဲတွေနဲ့
တိုက်ပြီးမမှတ်သားမိပေမယ့်
ကိုယ့်နှလုံးသားမှာတော့
ကျောက်ထွင်းအက္ခရာ တင်ထားပါတယ် ချစ်သူ။
သွားပြီ၊
ပြန်နေမသာနိုင်တော့ဘူးဆိုတဲ့
မကျေမချမ်းဝမ်းနည်းမှုမျိုးနဲ့
မိုးကောင်းကင်ကြီးကို မော့မော့ကြည့်ရင်း
မျှော်လင့်ချက်ဆိုတာ
မြက်ပင်ဖျားက မိုးစက်မှုံလေးလောက်တောင်
မထားရဲခဲ့တာပါ ချစ်သူရယ်။
ဒါပေမယ့်
အဲဒီ အေးချမ်းတဲ့ မိုးရေစက်တွေက
ကိုယ့်အပေါ် ဖွဖွလေး
တဖွဲဖွဲ ရွာသွန်းပေးလာတော့
ကိုယ့်နှလုံးသား ကန္တရထဲ
စုံတောမြိုင်ပမာ
ဝေဆာစိုစွတ်ခဲ့ရပါတယ် ချစ်သူ။
မိုးကုတ်စက်ဝိုင်းလို မျက်ဝန်းလေး
ကိုယ့်ကို ကြည့်ငေးပြီး
ပြုံးရယ်ပြတဲ့ နေ့ကတည်းက
ကိုယ့်နှလုံးသားဟာ မိုးအုံ့သွားတော့တာပါပဲ။
ရက်စွဲတဲ့လား
ရှေးလူသားတွေ ထွင်ထားခဲ့တဲ့
ပြက္ခဒိန်ရက်စွဲတွေနဲ့
တိုက်ပြီးမမှတ်သားမိပေမယ့်
ကိုယ့်နှလုံးသားမှာတော့
ကျောက်ထွင်းအက္ခရာ တင်ထားပါတယ် ချစ်သူ။
သွားပြီ၊
ပြန်နေမသာနိုင်တော့ဘူးဆိုတဲ့
မကျေမချမ်းဝမ်းနည်းမှုမျိုးနဲ့
မိုးကောင်းကင်ကြီးကို မော့မော့ကြည့်ရင်း
မျှော်လင့်ချက်ဆိုတာ
မြက်ပင်ဖျားက မိုးစက်မှုံလေးလောက်တောင်
မထားရဲခဲ့တာပါ ချစ်သူရယ်။
ဒါပေမယ့်
အဲဒီ အေးချမ်းတဲ့ မိုးရေစက်တွေက
ကိုယ့်အပေါ် ဖွဖွလေး
တဖွဲဖွဲ ရွာသွန်းပေးလာတော့
ကိုယ့်နှလုံးသား ကန္တရထဲ
စုံတောမြိုင်ပမာ
ဝေဆာစိုစွတ်ခဲ့ရပါတယ် ချစ်သူ။



Comments
Post a Comment