“ရိုးသားမှုလက်ကျန်”
အချိန်ဟာ နာကျည်းဆို့နင့်မှု တိုက်စားဒဏ်ကို
ခံနိုင်ရည်မရှိဘူး
တချို့သောနေ့ရက်တွေမှာ ငါဟာ
ဟိုးအရုဏ်ဦးကနေ ဆည်းဆာလွန်အမှောင်ခြမ်းအထိ
ကျောရိုးထဲစိမ့်နေအောင်
မျက်ရည်တဝေ့ဝေ့ အတောင့်လိုက် ကိုက်စားခဲ့ဖူးတယ်။
ဘဝမှာ ဘာကိုစောင့်မှန်းမသိ စောင့်နေရတာ
ငါ အရမ်းမုန်းတယ်
စောင့်ဆိုင်းမှုဆိုတာ ရာသီလွန်လက်ပစ်ဗုံးပဲ
ခရီးတစ်ခုမရောက်ခင်
ဂလက်ဆီတစ်ခုလုံးကို ရုတ်တရက် လွင့်စင်ကွဲထွက်သွားစေနိုင်တယ်
စောင့်ဆိုင်းမှုဟာ အနီရောင်ဖြစ်တယ်
စောင့်ဆိုင်းရခြင်းကြောင့် သင်းကွဲသွားရတဲ့ ရင်ဘတ်တွေရှိတယ်။
ငါ့ရဲ့ နေ့ရက်တွေ ကြောင်ပျောက်ခဲ့တာ ဘယ်လောက်ကြာပြီလဲ
စည်သွပ်ဗူးထဲ နေကြာတွေထည့်ပြီး
ရှမ်းကုန်းမြေမြင့်တစ်နေရာမှာ ကြဲပက်ချင်တယ်
ခိုင်ခိုင်ခံ့ခံ့အိမ်လေးတစ်လုံးနဲ့
အထီးကျန်ခြင်းကို ညနေခင်းတိုင်း ရေခဲစိမ်ပြီးသောက်သုံး ....
နေအုံး … မဟုတ်သေးဘူး
မဟုတ်သေးပါဘူး
အဲဒါတွေ မဟုတ်သေးဘူး
အဲဒါတွေ တစ်ခုမှ မဟုတ်သေးဘူး။
ကိုမျိုးကျော့ရဲ့ ၃၃ ကို နားထောင်မိနေတုန်းပဲ
ဒါပေမယ့် မရောက်သေးဘူး၊
ဒါပေမယ့် အဲဒီမှတ်တိုင်ဟာ ရောက်လာလိမ့်မယ်
အရိုးအရင်းကိုက်တဲ့ကောင်တွေနဲ့ ပက်ပင်းမတိုးသရွေ့
အဲဒီမှတ်တိုင်ဟာ ရောက်လာလိမ့်မယ်။
ကိုယ့်စိတ်ကိုယ်ပြန် ပါးရိုက်ဖူးလား
ကျနော် ရိုက်ဖူးတယ် .... အကြိမ်ကြိမ်ပဲ
လုပ်လက်စထဲ ကိုယ့်ခေါင်းကိုယ်ပြန်ဆွဲနှစ်
အသံတွေကို ကုတ်ခြစ်ပစ်ချင်အောင် မုန်းတတ်လာတယ်
အကောင်းမြင်ခြင်းဆိုတာ ဒီလိုညတွေမှာ
ကျနော်နဲ့မတည့်တဲ့ ဓါတ်စာ။
#KLT
12/8/21

Art: Priyanka Paul

Comments
Post a Comment