"ဆုံမှတ် ရန်ကုန်"

ဖယောင်းစက်လေးတွေ
အကုန်လုံး ဖရိုဖရဲနဲ့
လွင့်စင်သွားရတဲ့ အမှန်တရားမှာ
မျိုးဆက်တွေ လှိုင်းတွေ စသဖြင့်
အရင်လို ဖွဲ့တည်နေတဲ့ အစိုင်အခဲတွေ
အခု ငွေ့ရည်စတွေလို ပြန့်ကျဲလို့ .... 

ဒါတွေဟာ
အခိုက်အတန့်ပဲ ဖြစ်ပါစေ
တစ်နေ့တော့ အရင်လို
တိမ်တိုက်တွေ ပြန်ဖွဲ့တည်မယ်
မုတ်သုံကို အပါခေါ်ပြီး
ငြိမ်းချမ်းစိုလွင်တဲ့ ရွက်သစ်တွေ
ပြန်ဝေဆာစေမယ် ....

ပန်းဆိုးတန်း၊ ၁၉ လမ်း
ကန်ပေါင်၊ ကျောက်မြောင်း
စမ်းချောင်း၊ ကျွန်းတောလမ်း
မြို့ပတ်ရထား၊ အဲကွန်းဘတ်စ်
ဆိတ်သားပတ်ဖ်၊ သိမ်ကြီးဈေး
ငါတို့စာပေ၊ အင်းဝ
စာပေလောက၊ နှစ်ကာလများ
ရွှေလင်ဗန်း၊ မီးကွက်ဈေး
၁၈ ကွေ့၊ ဘုန်းကြီးကျောင်းကွေ့
မြင်သာ၊ စီမံကိန်း
လှည်းတန်း၊ ၃၇ လမ်း
ဗိုလ်တထောင်၊ ဒွေးကေ၊ ဆူးလေ ...  

ဖယောင်းစက်တွေ
တိမ်စိုင်တွေ ရွက်သစ်တွေ
ထစ်ချုန်း ဝေဆာလင်းလက်
မျှော်လင့်ချက်
လူထုရဲ့ ပုံရိပ်အမှန်
လက်ကျန် ရှင်သန်မှုမှာ
ရန်ကုန်ရေ
ပြန်ဆုံချင်ပါသေးတယ် .... ။ 

#KLT
26/Jul/2021
[Modified on 18/Nov/2021]

Art by Louise Laplante

Comments