"သို့ ... တပ်ကုန်း"

ခင်ဗျားတို့ ခိုးထားတဲ့ပြည်သူ့အာဏာ
အသာတကြည် တောင်းတုန်းမှာ
အသာတကြည် ပြန်ပေးပါ ....
.
ထောင်နံရံတွေ
နိုင်ငံတော်နယ်နိမိတ်မျဉ်း
အဆုံးထိ ချဲ့ထားလည်း
ခင်ဗျားတို့ရဲ့ စစ်အာဏာရှင်စနစ်
သက်ဆိုးရှည်ဖို့ လမ်းမမြင်ဘူး ....
.
ဖုန်းစခရင်နဲ့ ဝရံတာပေါ်က
တော်လှန်ရေးကို လျှော့မတွက်နဲ့
နေပြည်တော်တပ်ကုန်းကလွဲပြီး
တစ်တိုင်းပြည်လုံး
လွတ်မြောက်နယ်မြေ ဖြစ်သွားမယ် ....
.
ခင်ဗျားတို့ ခိုးထားတဲ့
ပြည်သူ့အာဏာ
အသာတကြည် တောင်းတုန်းမှာ
အသာတကြည် ပြန်ပေးပါ .... ။
.
#KLT
5.Feb.2021



Comments