"အချစ်ဆိုတာ မရှိဘူး"
အချစ်ဆိုတာ ဘယ်တုန်းကမှ ဘယ်ကမ္ဘာမှာမှ
တကယ်မရှိခဲ့ပါဘူး .. ဆိုလိုတာက
အချစ်ဆိုတာ သူ့ဘာသာသူ တည်ရှိနေတဲ့အရာကို
လူနှစ်ယောက် တိုက်မိကြတာမျိုး မဟုတ်ပါဘူး။
အဲဒီလို သူ့အလိုလို အာဂျန်ဒါနဲ့ ရိုနေတာမျိုး မဟုတ်ပါဘူး။
.
အချစ်ဆိုတာ လူသားနှစ်ယောက်ကြားက
ခံစားနားလည်မှုအပေါ် အခြေပြုအရင်းခံပြီး
တည်ဆောက်ရတာဖြစ်ပါတယ်။
.
လူသားနှစ်ယောက်ကြားထဲက
အမြင့်ဆုံး မေတ္တာတရားတွေနဲ့ တည်ဆောက်ကြရတာပါ။
အပြန်အလှန် နားလည်မှု နွေးထွေးကြင်နာမှု၊ ဂရုစိုက်မှု
အပြန်အလှန် လေးစားမှု၊ အနစ်နာခံမှု
အပြန်အလှန် ခွင့်လွှတ်သည်းခံမှုတွေ
အပြန်အလှန် ဖြည့်ဆည်းကူညီမှု၊ ယုံကြည်စိတ်ချမှု
စတဲ့ အရာတွေ အားလုံးနဲ့ အဆင့်ဆင့်
ရေလောင်းပေါင်းသင်ပြီး စိုက်ပျိုးကြရတာမျိုးပါ။
.
အခုပိုင်ဆိုင်နေရတဲ့ လူ့ဘဝကို
တစ်ကြိမ်တစ်ခါပဲ သင် ရှင်သန်ခွင့်ရမယ်ဆိုရင်
သင် ဘယ်လူသားနဲ့ ချစ်ခြင်းမေတ္တာကို
ဘယ်အချိန်မှာ ဘာကြောင့် ဘယ်လိုအခြေအနေနဲ့
တည်ဆောက်မယ်ဆိုတာ အလေးနက်ဆုံး
စဉ်းစားကြည့်စေချင်ပါတယ် ..
.
တကယ်တော့ အချစ်ဆိုတာ
သူ့အလိုလို ဘယ်တုန်းကမှ ရှိမနေခဲ့ပါဘူး။
အဲဒီ အချစ်ဆိုတဲ့ သစ်ပင်လေး ရှင်သန်ဖို့
ဘယ်လို စိုက်ပျိုးကြတယ် ဆိုတာက
ချစ်ခြင်းမေတ္တာရဲ့ အတွင်းသား မူလအနှစ်သာရပါ။
.
#KLT
9/May/19

Comments
Post a Comment