“အလွမ်းပြာနေ့ရက်များ”
ကျနော် ၇ တန်းနှစ်လောက်က ဖြစ်မယ်။
စုထားတဲ့ မုန့်ဖိုးလေးတွေနဲ့ ကတ်ဆက်လေးတစ်လုံးဝယ်ဖြစ်တယ်။ ခုနစ်ထောင်ကျော်ကျော်လောက်ပဲ။ ကတ်ဆက်မရှိလို့ဝယ်တာတော့မဟုတ်ဘူး။ အိမ်မှာ ကျနော်လသားအရွယ်တုန်းက မဲပေါက်တဲ့ ဆိုနီကတ်ဆက် အကြီးကြီးတစ်လုံးရှိတယ်။ သို့ပေမယ့်လို့ရင် သီချင်းခွေများများစားစားမရှိဘူး။
အဖွားတွေကတော့ တရားခွေတွေ ဝယ်စုကြတယ်။ နောက်ပြီး အဖေ့ရဲ့ အမွေလို့ဆိုရမယ့် တပ်မတော် စစ်ချီတေးတွေတော့ နှစ်ခွေသုံးခွေ ရှိတယ်။ အရက်သောက်တာများပြီး အသည်းရောဂါနဲ့ ဆုံးသွားတဲ့ ဦးလေးရဲ့ ထူးအိမ်သင် တစ်ခွေရယ်၊ အင်္ဂလိပ်သီချင်းခွေတစ်ခွေရယ်ပဲရှိတယ်။
ဆိုတော့ ကတ်ဆက်ခွေတွေအတွက်က အသစ်တွေထပ်ဝယ်ဖို့က ပိုက်ဆံမရှိတော့ဘူးလေ။ ဒီတော့ အငှားဆိုင်ပဲ ပြေးရတာပေ့ါ။ ကတ်ဆက်ခွေအငှားဆိုင်ကလည်း အဲဒီအချိန်မှာ ကျနော်တို့ မြို့လေးထဲ သိပ်မရှိတော့ဘူး။ တခြားဆိုင်တွေလည်း ရှိကောင်းရှိမယ်။ ဒါပေမယ့် ကျနော်တော့ တစ်ဆိုင်ပဲ ကောင်းကောင်း မှတ်မိတယ်။ အဲဒီဆိုင်လေး နာမည်က ပေါ်ပြူလာတဲ့။ ဆိုင်ရှင်က ကိုယ့်အတန်းက သင်္ချာဆရာမ။ သင်္ချာအသင်အပြ တော်တော်ကောင်းပါတယ်။
တစ်မြို့လုံးကတော့ ကျနော်တို့အမတွေ လက်ထက်ကတည်းက ပေါ်ပြူလာဆရာမ ဆိုပြီး ခေါ်ကြတာပဲ။
အိမ်မှာက VCD စက်ကလေးလည်း ရှိတာပဲ။ အောက်ဆက် (ဗီဒီယိုတိပ်ခွေ) တောင်ရှိအုံးမယ်ထင်တယ်။ ထားပါတော့။ ဆိုတော့ ကျနော်က ဆရာမဆိုင်ကို အပတ်တိုင်းရောက်ဖြစ်တယ်။ ငှားတဲ့သီချင်းခွေတွေကတော့ စုံတယ်။ အစပိုင်းမှတ်မိတာကတော့ ဆောင်းဦးလှိုင်တွေ လွှတ်ငှားတာပဲ။ ဟိုး ကြာလှပြီတုန်းက ထွက်တဲ့ ‘မင်းရဲ့ သူရဲကောင်း’ လောက်ကနေစပြီး အဲဒီအချိန်မှာနောက်ဆုံးထွက်တဲ့ ‘သက်တံတွေပေါ်မှာ’ လောက်အထိ အကုန်ငှားနားထောင်တာပဲ။
နောက်တစ်ခါ ကျနော်တို့ မြန်အောင်မြို့လေးမှာ ရွှေအိုးစည်ဆိုတဲ့ တေးသံသွင်းဆိုင်လေး ရှိတယ်။ အဲဒီမှာကျ ဘယ်လိုလုပ်လို့ရလဲဆိုရင် ကိုယ့်စိတ်ကြိုက်တေးသီချင်းတွေချည်း ဟိုတစ်စဒီတစ်စ ဆွဲယူပြီး အခွေတစ်ခွေထဲမှာ စိတ်ကြိုက် ဘာသီချင်းပြီးရင် ဘာသီချင်းလာမယ်ဆိုတဲ့ အစီအစဉ်နဲ့တစ်ကွ ကော်ပီတစ်ခွေကို ထုတ်လို့ရတယ်။ အဲဒီလို အခွေလေးတွေလည်း တစ်ခွေနှစ်ခွေစုထားဖြစ်သေးတယ်။
နောက်တော့ ကတ်ဆက်လေးက ပျက်သွားတယ်။
ပြင်ဆိုင်တော့ မပို့ဖြစ်ဘူး။ ကတ်ဆက်ကို ဝက်အူတွေအကုန်ဖွင့်၊ တစ်စစီခွာပစ်လိုက်တယ်။ ဘယ်ဟာက ဘာလုပ်ပေးတဲ့ အစိတ်အပိုင်းလဲဘာလဲ ဒါတွေ ဘယ်သိမှာလဲ။ ခွာစရာရှိတာ ခွာတာပဲ။ နောက်ဆုံး ကတ်ဆက် တစ်ခုလုံးမှာ ကျနော်မက်မောတာဆိုလို့ ဆောင်းဘောက်စ်တစ်ခုစီထဲက သံလိုက်တုံးနှစ်တုံးပဲ။ အရင်က ကျနော်မှာ ရှိတဲ့ သံလိုက်က ခပ်သေးသေးတွေပဲ။ ကွန်ပါဘူး အဖုံးထဲက သံလိုက်တုံးလေးက အကြီးဆုံးပဲ။ ကျန်တာတွေက အကျိုးအပဲ့လေးတွေပဲများတယ်။ ဘာပဲဖြစ်ဖြစ် သံလိုက်ဆိုရင် ကျနော်ကတော့ စုထားလိုက်တာပဲ။
တစ်ရက်နှစ်ရက်နေတော့ ကျနော် ကတ်ဆက်လေးကို လွမ်းလာတယ်။
ကတ်ဆက်လေးရှိတုန်းကဆိုရင် ကျနော်ညဘက် စက်ဘီးစီးထွက်ပြီဆို ရှေ့ခြင်းထဲထည့်ပြီး သွားလေရာ သီချင်းဖွင့်ပြီး သယ်သွားတာပဲ။ တစ်ခါတစ်လေလည်း ခွေးလိုက်ဆွဲတယ်။ ဓာတ်ခဲကတော့ ခဏခဏကုန်တယ်။ ထန်ကုန်ခံရင် သုံးရက်ထက်မပိုဘူး။ ဒါပေမယ့် ကျနော်ကလည်း ဓာတ်ခဲကို ကတ်ဆက်ဖွင့်ဖို့သီးသန့်ပဲ ကတ်လိုက်ကို ဝယ်ထားတာ။
‘ယိုင်နဲ့သွားတော့ ဘယ်သူဆက်ချစ်အုံးမှာလဲ .. နောင်တများလည်း ဘယ်သူလမ်းပြပေးလို့လဲ’ .. မှတ်မိနေသေးတယ်။ ရှင်ဖုန်းနဲ့ ဆောင်ဦးလှိုင်သီဆိုထားတဲ့ Duet Song လေး။ နောက်ပြီး အလွမ်းပြာနေ့များတို့၊ ‘အိမ်ပြန်ချိန် ငှက်ကလေးများစွာရယ် .. နေဝင်ချိန် လေညှင်းကလေးတွေရယ် .. မခင်တွယ်တဲ့အချိန်လေးများက စကားပြောလာတယ်’ … အဲဒီတုန်းကတည်းက ရတဲ့၊ လိုက်ဆိုမိတဲ့ သီချင်းစာသားလေးတွေ ကျနော် အခုထိ ရနေသေးတယ်။
ကတ်ဆက်လေးလည်း မရှိတော့ဘူး။
အဲဒီတော့ ထုံးစံအတိုင်းပဲ၊ ဂိမ်းဆိုင် ပြန်သွားဖြစ်တယ်။ အရမ်းပေါင်းဖြစ်တဲ့ သူငယ်ချင်းတစ်ယောက်အိမ် ကျောင်းဆင်းတာနဲ့ သွားတယ်။ ဘောလုံးကန်တယ်။ ဒီလိုပါပဲ၊ ကလေးဘဝဆိုတာ လူတိုင်းမှာ ပြောစရာတွေ အများကြီးပဲလေနော်။ တောင်စဉ်ရေမရတွေ။ ဒီတိုင်းပဲ၊ အဲဒီဟာလေးတွေကို ဒီအတိုင်းပဲ Analysis တွေ၊ Criticism တွေ၊ Review တွေမပါဘဲ အရိုးခံလေးအတိုင်း ချပြီး ရေးရေးကြည့်ချင်ရုံပါ။ အားတဲ့ အခါလေးတွေပေါ့။
ပြီးခဲ့တဲ့ နှစ်လလောက်ကတော့ အနော်ရထာလမ်းပေါ်က မန်းသီရိမှာ အခွေလေးတစ်ခွေ ပြန်ရှာပေးဖို့ ပူဆာမိတာ။ ကျနော်အနှံရှာပြီးပြီ၊ အွန်လိုင်းပေါ်လည်း မတွေ့ဘူး။ ဘယ်မှာမှ ရှာမတွေ့လို့အဲဒီကို အပူကပ်တော့ သူတို့က တစ်ပတ်အချိန်ပေးဖို့ပြောပြီး ကျနော့်ဖုန်းနံပါတ်ကို ယူထားလိုက်တယ်။
တစ်ပတ်နေတော့ ကျနော့်ကို ဖုန်းဆက်လာတယ်။ “အကိုမှာထားတဲ့ အခွေရပါပြီ။ CD တစ်ခွေ Burn ခနဲ့ ၁၅၀၀ ကျပါတယ်အကို။ အကိုလာယူမှာသေချာရင် ကျမတို့ Burn ထားပေးပါ့မယ်။” ကျနော် အရမ်းပျော်သွားတာပေ့ါ။ ကျနော်ကြိုက်တဲ့ သီချင်းခွေလေး ပြန်နားထောင်ရတော့မယ်။
အဲဒီနေ့က အဲဒီ စီဒီကော်ပီခွေလေးကို ယူလာပြီး အိမ်ကို ပြန်လာခဲ့တယ်။ အိမ်ရောက်တော့ ကွန်ပြူတာထဲထည့်၊ ဘောက်စ်ကလေးနဲ့ ဖွင့်ပြီး ပြန်နားထောင်ကြည့်တယ်။ ကျနော့်မိန်းမကလည်း အိမ်ဝေယျာ ဝစ္စတွေ လုပ်နေရင်းနဲ့ သီချင်းလေးတွေကို လိုက်နားထောင်တယ်။ သူရတဲ့ သီချင်းတစ်ပုဒ်နှစ်ပုဒ် ရတဲ့နေရာလေးတွေ လိုက်ဆိုတယ်။ သီချင်းခွေလေးကောင်းကြောင်းလည်း ထောပနာပြုတယ်။
ဟုတ်တယ်။ ဂီတသံလေးတွေထဲမှာ ကျနော်တို့ရဲ့ အတိတ်ကာလတွေ ဖြစ်ရပ်ပုံရိပ်တွေက ကပ်ငြိနေတယ်။ ဂီတမှာတင်မဟုတ်ပါဘူး။ တချို့ အနံ့အသက်တွေရောပေါ့။ အနံ့တစ်ခုရှိတယ်။ အဲဒီအနံ့က မွှေးတာလည်း မဟုတ်ဘူး။ နံတာလည်း မဟုတ်ဘူး။ ဘယ်က ထွက်တဲ့အနံ့မှန်းလည်း မသိဘူး။ သေချာတာက အဲဒီအနံ့ကို ရရင် ကျနော်အမြဲမှတ်မိနေတဲ့အချိန်တစ်ခုရှိတယ်။
အဲဒီအချိန်က ဘယ်အချိန်လဲဆိုတော့ နယ်မှာပြန်ရောင်းဖို့အတွေက အမေ ရန်ကုန်ကနေ အထည်တွေ ဝယ်လာပြီး မနက်အစောကြီး ကားဆိုက်လို့ အိမ်ကို ပြန်ရောက်လာတဲ့အချိန်ပါ။ အဲဒီလိုပြန်ရောက်တယ်ဆို ကျနော်အရမ်း ပျော်တာပေ့ါ။ အမေက အဖွားတွေ၊ တခြားအိမ်သားတွေနဲ့ စကားတွေပြော အဝတ်တွေဘာလဲ ပြီးချက်ချင်းလည်း မအိပ်နိုင်သေးတော့ နားနားနေနေနေရင်းပေါ့။ မနက်ခင်းကလည်း အစောကြီးလေ၊ လေးနာရီ ငါးနာရီလောက်ပေါ့။ အဲဒီအနံ့ကို ကျနော် အဲဒီအရွယ်က တခြားအချိန်တွေမှာ မရဘူး။
အဲဒီလို အမေ မနက်ခင်းအစောကြီး ရန်ကုန်ကနေ ပြန်ရောက်လာတဲ့အချိန် ဒါမှမဟုတ်ပြန်ရောက်လာတော့မယ့် အချိန်တွေမှာသာ ရတတ်တာ။ အခုဒီအရွယ်ရောက်လာပေမယ့် တစ်ခါတစ်လေ အဲဒီအနံ့ကလေးကို ရတယ်။ ရတဲ့အခါတိုင်းမှာလည်း ကျနော့်ဘဝရဲ့ အဲဒီအချိန်အခိုက်အတန့်လေးတွေကိုပဲ ပြန်သတိရနေတတ်တယ်။
အခု ဒီစာလေးရေးနေတုန်း ဒီစာပိုဒ်ကိုအရောက်မှာ ကျနော်အဲဒီငယ်ငယ်က ကြိုက်ခဲ့တဲ့ တေးအယ်လ်ဘမ်ထဲက ‘လမင်းသို့တပ်မက်ခြင်း’ ဆိုတဲ့ သီချင်းလေးကို နားထောင်နေတာပါ။ ‘အဝေးဆုံးက လင်းလက်ကြယ်များ ရေတွက်မရတော့တဲ့ ညနက်မှာ … အလင်းတန်းများ ပေးလို့ခစား လမင်းတစ်စင်းသာ’ .. ‘မိုးမြင့်ထက်အမြဲစံစား လမင်းလေးရာ .. မင်းဘဝနဲ့ ကိုယ့်အချစ်များ တကယ်ခြားနား’ … ။
ကျနော် ဘယ်သူ .. ဘယ် အကြောင်းအရာ (တွေ) .. ဘယ် အဖြစ်အပျက်တွေကို ပြန်အမှတ်ရ/သတိရ နေနိုင်မလဲ။
#KLT
Pic credit to wallpaperscraft.com

Comments
Post a Comment