"အလွမ်းရောင် လက်ဖက်ရည်"

နုမွတ်နေတဲ့ ညရဲ့ အမွှေးဖွားတွေ
ညင်သာပွတ်သပ်မိသူ
အလွမ်းဟာ လက်ဖက်ရည်ခွက်ထဲ
အရောင်ထ လက်တာ
ပျိုးပြက်ခြေသံတွေတောင် ဆွံ့အလို့ ...
.
ပြက္ခဒိန်တွေ အကြောင်း စဉ်းစားတယ်
ဆေးလိပ်ဖင်စည်ခံတွေ လွင့်ဝဲကျလာတာ
ပေတစ်ရာမှာ ငါတို့ခြေရာတွေ
ကြပ်ခိုးဆွဲနေတုန်းပါ
ဒီရက်ပိုင်းတွေထဲ အိမ်မပြန်ဖြစ်သေးဘူး ...
.
လောကဓံဟာ ဝက်နံရိုးကိုက်ရသလိုပါပဲ
ကပ်သီးကပ်သပ် သုခတွေနဲ့လည်း
မြှူဆွယ်တတ်သေးပြန်ရဲ့
နေရောင်တွေ ဆန်တက်သွားတယ်
ယဉ်စွန်းတန်းတွေဆီအရောက်
လက်ဖက်ရည်တွေ မှောက်ကျကုန်ပြီ ...
.
ဒီဂျေသံတွေနဲ့ အံဖက်တွေနဲ့
မြို့ပျက်ဟာ နှစ်သစ်ကို ပလက်ဂ်ထိုးမယ်တဲ့
ငါ့မှာ ကိုက်စရာ အရိုးအရင်းလေး ပိုက်ရင်း
နှစ်ဟောင်းကို နားပန်ကျင်းမယ်အကြံနဲ့
အလွမ်းရောင် လက်ဖက်ရည်တစ်ကျိုက်
မော့ချပစ်လိုက်တယ်
သွားပေအုံးတော့ ... ။_______။
.
#KLT
31/Dec/18




Comments