“အပြာရောင်ဝိညာဉ်တွေ လမ်းလျှောက်ထွက်တဲ့ ည”
ဖားအော်သံတွေနဲ့ မြို့ပြရဲ့ အစွန်ကျကျ
ညတစ်ညဟာ စက်တွေခုတ်မောင်းသံ
ညံစီနေတုန်းပဲ
တရေးများ နိုးမိတဲ့ ညတွေ
ဒီလိုဒီလို .. အမှန်က
အများနည်းတူ အိပ်ရာဝင်မိတဲ့ ညတွေ
အဲဒီလို ညတွေမှာဆို အဲဒီ (ဘယ်ကလာမှန်းမသိတဲ့)
အမှန်တကယ်လိုလို ထင်ယောင်ထင်မှားလိုလိုနဲ့
စက်သံတွေကတော့ ကြားနေရတာပဲ …
စပါးနှံတွေ စက်သွားတွေ ပြိုးပြက်နေတဲ့
ကြယ်ဖြူတွေ … အလိုလို ခေါင်းထဲရောက်
ချောက်ထဲကျတော့မယ့် သစ်ပင်ကြီး
အရွက်တွေကြွေနေတာ
နိမိတ်ပုံတွေ ဟောင်းနွမ်းနေတာဆိုတာလေ
၉၀ ပြည့်လွန် ပြည်သူ့ဥယျာဉ်လိုပဲ
ဆင်ဖြူတွေနှာမောင်းက ရေတွေ
ပန်းပန်းထွက်နေတာ သေချာမြင်ခဲ့ရတာပေါ့ …
လေးဘီးကားပေါ် တောတွင်းသားလေးတာဇံ
ပြေးတက်သွားတယ်
ဆင်လေးမိုမိုဟာ
‘ရဝေရဝေ အော်မြိုင်တောမှာလ
ဥဒေါင်းငယ် တွန်သံသာ တွန်သံကြားရင်’
ဒီသီချင်းနဲ့ နှာမောင်းလေးကို ပင့်ကာပင်ကာ …
စက်တွေကတော့ ခုတ်မောင်းနေတယ်
အပြာရောင် အညမညဆိုရှယ်လစ်ဇင်
အပြာရောင် လုပ်သားကြီးတွေ
ချောင်းဆိုးသွေးပါ .. သုခမြို့တော်ကြီးလိုလို
အပ်တန်ဆင်ကလဲရဲ့ သည်ဂျန်းဂဲလ်ထဲက
ချီကာဂိုမြို့ကြီးလိုလို …
နာဂစ်ပြီးကတည်းက ဝဿန်ကာလဟာ
သရုပ်ပျက်ခဲ့တာ အခုဆို ဆယ်စုနှစ်တစ်ခု
ပြည့်ပြီလေ … နှင်းစက်တွေနဲ့ ဝေးကွာခဲ့တာ
ဘာဆန်းလဲ …
ဆိုက်ကားဂိတ်တွေ ပုံပျက်သွားတယ်
ကိစ္စမရှိဘူး … ဆိုင်ကယ်ကယ်ရီလေးတွေနဲ့
အဖြူ .. စိတ်ကြွ .. ရာဘ .. ရေခဲတုံး
အထည်ချုပ် ညဂျူတီကနေ ဒုံးစိုင်းပြန်လာပြီး
သန်းခေါင်ကျော်လို့ အရုဏ်တက်အလွန်
အုန်းမောင်းခေါက်ချိန်အထိ
လိင်လုပ်သားအဖြစ် အရေခွံပြောင်းရတဲ့
ညဉ့်ငှက်ကလေးတွေနဲ့
ပုလဲနံပ သင့်နေတာပဲလေ …
အူစိုရုံ အနိမ့်ဆုံးလုပ်ခအတွက်
တစ်နေကုန်ရုန်းပြီးချိန် နောက်ဆံတင်းစရာတချို့ရယ်
အမည်မဖော်နိုင်တဲ့ လောကဓံဖိအားတွေရယ်
ထားပါတော့ … အကြော်သည်လက်နှီးစုတ်လို
ဖန်တစ်ရာတေနေတာတွေပဲမလား
ဘယ်သူမှ အာရုံမလာတဲ့ကိစ္စတွေလို ဖြစ်နေပြီပဲ
စက်တွေကတော့ ခုတ်မောင်းနေတယ် …
မအောင်မြင်ခဲ့ဘူး
ဒီထက်ပိုတိတိကျကျ ဖွင့်ဆိုရရင်
ရှုံးနိမ့်သွားခဲ့တယ်
ရှုံးနိမ့်ခြင်းရဲ့ နောက်ဆက်တွဲဟာ
ပြန်ထတာ မဟုတ်ဘဲ
သေတွင်းတွေ ဆက်တူးခဲ့ကြတာပဲလေ
ဟိုးအဝီစိအထိ
… … … …
မြင်းမြီးခြင်ရိုက်တံလေး
အဖွားခတ်ပေးတော့
သမိုင်းဖတ်စာတစ်ပုဒ် ကျက်နေမိတာ သတိရတယ်
အီရတ်မှာ မီးရှူးမီးပန်းတွေ ပျံနေတဲ့သတင်း
ပါလက်စတိုင်းကို ယူအန်တပ်တွေ ဝင်ပြီဆိုလား
လူထုဆံသဆိုတာ အဲဒီဧရာဝတီမြစ်ဘေးက
မြို့လေးမှာတော့ မသိသူမရှိတဲ့ ဘာဘာရှော့ပ်ပဲ
ပြည်သူ့နီတိကို ဒီဆံသအဖိုးကြီးက သူ့နည်းသူ့ဟန်နဲ့
သင်တာပဲ .. မြန်အောင်သားတွေ သိကြမယ် …
အဲဒီလိုပဲ ရန်ကင်းသားတွေ သိကြမယ်
သင်္ဃန်းကျွန်းသားတွေ သိကြမယ်
တောင်ဒဂုံသားတွေ သိကြမယ်
ရှိခဲ့ကြတယ် .. ခေတ်တိုင်းခေတ်တိုင်းမှာ
အပေါ်မှိုင်းရယ် အောက်မှိုင်းရယ်ကြားက
အပြာရောင်လုပ်သားရှပ်အင်္ကျီတွေ ဝတ်ဆင်ထားတဲ့
မြောက်ဖျားစွန်း ဝိညာဉ်တွေ … ။
#KLT
14/Oct/18
ညတစ်ညဟာ စက်တွေခုတ်မောင်းသံ
ညံစီနေတုန်းပဲ
တရေးများ နိုးမိတဲ့ ညတွေ
ဒီလိုဒီလို .. အမှန်က
အများနည်းတူ အိပ်ရာဝင်မိတဲ့ ညတွေ
အဲဒီလို ညတွေမှာဆို အဲဒီ (ဘယ်ကလာမှန်းမသိတဲ့)
အမှန်တကယ်လိုလို ထင်ယောင်ထင်မှားလိုလိုနဲ့
စက်သံတွေကတော့ ကြားနေရတာပဲ …
စပါးနှံတွေ စက်သွားတွေ ပြိုးပြက်နေတဲ့
ကြယ်ဖြူတွေ … အလိုလို ခေါင်းထဲရောက်
ချောက်ထဲကျတော့မယ့် သစ်ပင်ကြီး
အရွက်တွေကြွေနေတာ
နိမိတ်ပုံတွေ ဟောင်းနွမ်းနေတာဆိုတာလေ
၉၀ ပြည့်လွန် ပြည်သူ့ဥယျာဉ်လိုပဲ
ဆင်ဖြူတွေနှာမောင်းက ရေတွေ
ပန်းပန်းထွက်နေတာ သေချာမြင်ခဲ့ရတာပေါ့ …
လေးဘီးကားပေါ် တောတွင်းသားလေးတာဇံ
ပြေးတက်သွားတယ်
ဆင်လေးမိုမိုဟာ
‘ရဝေရဝေ အော်မြိုင်တောမှာလ
ဥဒေါင်းငယ် တွန်သံသာ တွန်သံကြားရင်’
ဒီသီချင်းနဲ့ နှာမောင်းလေးကို ပင့်ကာပင်ကာ …
စက်တွေကတော့ ခုတ်မောင်းနေတယ်
အပြာရောင် အညမညဆိုရှယ်လစ်ဇင်
အပြာရောင် လုပ်သားကြီးတွေ
ချောင်းဆိုးသွေးပါ .. သုခမြို့တော်ကြီးလိုလို
အပ်တန်ဆင်ကလဲရဲ့ သည်ဂျန်းဂဲလ်ထဲက
ချီကာဂိုမြို့ကြီးလိုလို …
နာဂစ်ပြီးကတည်းက ဝဿန်ကာလဟာ
သရုပ်ပျက်ခဲ့တာ အခုဆို ဆယ်စုနှစ်တစ်ခု
ပြည့်ပြီလေ … နှင်းစက်တွေနဲ့ ဝေးကွာခဲ့တာ
ဘာဆန်းလဲ …
ဆိုက်ကားဂိတ်တွေ ပုံပျက်သွားတယ်
ကိစ္စမရှိဘူး … ဆိုင်ကယ်ကယ်ရီလေးတွေနဲ့
အဖြူ .. စိတ်ကြွ .. ရာဘ .. ရေခဲတုံး
အထည်ချုပ် ညဂျူတီကနေ ဒုံးစိုင်းပြန်လာပြီး
သန်းခေါင်ကျော်လို့ အရုဏ်တက်အလွန်
အုန်းမောင်းခေါက်ချိန်အထိ
လိင်လုပ်သားအဖြစ် အရေခွံပြောင်းရတဲ့
ညဉ့်ငှက်ကလေးတွေနဲ့
ပုလဲနံပ သင့်နေတာပဲလေ …
အူစိုရုံ အနိမ့်ဆုံးလုပ်ခအတွက်
တစ်နေကုန်ရုန်းပြီးချိန် နောက်ဆံတင်းစရာတချို့ရယ်
အမည်မဖော်နိုင်တဲ့ လောကဓံဖိအားတွေရယ်
ထားပါတော့ … အကြော်သည်လက်နှီးစုတ်လို
ဖန်တစ်ရာတေနေတာတွေပဲမလား
ဘယ်သူမှ အာရုံမလာတဲ့ကိစ္စတွေလို ဖြစ်နေပြီပဲ
စက်တွေကတော့ ခုတ်မောင်းနေတယ် …
မအောင်မြင်ခဲ့ဘူး
ဒီထက်ပိုတိတိကျကျ ဖွင့်ဆိုရရင်
ရှုံးနိမ့်သွားခဲ့တယ်
ရှုံးနိမ့်ခြင်းရဲ့ နောက်ဆက်တွဲဟာ
ပြန်ထတာ မဟုတ်ဘဲ
သေတွင်းတွေ ဆက်တူးခဲ့ကြတာပဲလေ
ဟိုးအဝီစိအထိ
… … … …
မြင်းမြီးခြင်ရိုက်တံလေး
အဖွားခတ်ပေးတော့
သမိုင်းဖတ်စာတစ်ပုဒ် ကျက်နေမိတာ သတိရတယ်
အီရတ်မှာ မီးရှူးမီးပန်းတွေ ပျံနေတဲ့သတင်း
ပါလက်စတိုင်းကို ယူအန်တပ်တွေ ဝင်ပြီဆိုလား
လူထုဆံသဆိုတာ အဲဒီဧရာဝတီမြစ်ဘေးက
မြို့လေးမှာတော့ မသိသူမရှိတဲ့ ဘာဘာရှော့ပ်ပဲ
ပြည်သူ့နီတိကို ဒီဆံသအဖိုးကြီးက သူ့နည်းသူ့ဟန်နဲ့
သင်တာပဲ .. မြန်အောင်သားတွေ သိကြမယ် …
အဲဒီလိုပဲ ရန်ကင်းသားတွေ သိကြမယ်
သင်္ဃန်းကျွန်းသားတွေ သိကြမယ်
တောင်ဒဂုံသားတွေ သိကြမယ်
ရှိခဲ့ကြတယ် .. ခေတ်တိုင်းခေတ်တိုင်းမှာ
အပေါ်မှိုင်းရယ် အောက်မှိုင်းရယ်ကြားက
အပြာရောင်လုပ်သားရှပ်အင်္ကျီတွေ ဝတ်ဆင်ထားတဲ့
မြောက်ဖျားစွန်း ဝိညာဉ်တွေ … ။
#KLT
14/Oct/18



Comments
Post a Comment