"နိုဝင်ဘာအိပ်မက်"
သူမဟာ ဇီးကွက်လေးတစ်ကောင် ဖြစ်တယ် .. အတောင်ပံတွေကြားထဲ ရေခဲဖတ်တွေ ကပ်ညိနေတတ်သလို ကျနော်ဟာ ငါးတစ်ကောင် ဖြစ်ခဲ့မယ် ဆိုရင်တောင်မှ ကျနော့် Anatomy ကို စေ့စေ့ညက်ညက် ကျေအောင် ဓာတ်ခွဲခဲ့ပြီးတာမျိုး ဖြစ်လိမ့်မယ် ...
ကိုယ့်ကိုယ်ကို ဖောက်ပြီး သူမရဲ့ ကော်ဖီခွက်ထဲ ထည့်မိတယ်လို့ ကျနော် စိတ်ကူးယဉ်တဲ့ အချိန်မှာ သူမဟာ အဲဒီ ကော်ဖီ ခါးခါးကို သောက်ချလိုက်ပြီးတာလည်း ဖြစ်နိုင်သလို ထွေးထုတ်လိုက်ပြီးတာလည်း ဖြစ်နိုင်မယ် ...
ဆိုခဲ့ပြီးသလိုပဲ ကျနော်ဟာ ငါးတစ်ကောင် ဖြစ်တယ် ဆိုပါတော့၊ သူမဟာ ကျနော့် ကိုယ်ထဲက ခါးရိုးကိုဆွဲထုတ် ... တစ်ဆက်ဆက် ဆွဲခါ စူးစမ်းခဲ့ပြီးပြီ ...
သူမဟာ အနီရောင် လေဒီရှူးလေး ဖြစ်သလို သဲမို့မို့ လွင် ပြင်တွေနဲ့ အမြဲစိမ်းတောင်တန်းတွေကို ဖြတ်သန်းခဲ့ပြီးပြီ၊ တစ်ခါတစ်လေ ပတ်ဝန်းကျင်ကို မေ့ပြီး ဟိုးအဝေး တစ်နေရာ ငေးကြည့်နေတတ်တာလည်း သူမပဲ ...
နှင်းတွေ အဆုပ်လိုက် ဖွေးဖြူနေတဲ့ညက သူမဟာ ဟိုးကောင်းကင် မုန်တိုင်းကြားထဲ ပျံတက်သွားတယ်၊ လျှပ်စီးစတွေကြားထဲ သူမကို လိုက်ဖမ်းရတာ မောဟိုက် ဆို့နင့်၊ သတင်းစာတစ်စောင် ကောက်ကိုင်လိုက်တယ်၊ "ဇီးကွက်ကလေးရေ .. သံမဏိစည်းမျဉ်းတွေ အထပ်ထပ် နဲ့ ငါ့ကာရံမှာ မင်းကို ဌာန်ကရုဏ်း ပီပီသသ ရွတ် မပြနိုင်တော့" .. စူးရှနက်ရှိုင်းတဲ့ ကြယ်တွေလည်း သေဆုံးသွားတဲ့ နေ့တွေ ရှိသလိုပါ ...
နာရီသံလို တစ်စက္ကန့်စီ အကြားအလပ်နဲ့ တိတ်ဆိတ်၊ ကျ နော် မရိပ်မိခင်မှာပဲ သူမဟာ ပေါင်တံတွေ ရှည်နေပြန် ရော .. ပြောရမယ်ဆို သူမရဲ့ ကြည်လင်မှုဟာ သူမရဲ့ မှုန်တေမှုနဲ့ ပြေပြေပြစ်ပြစ် အချိုးကျတယ် ...
ကျနော်က မျက်မှန်မချွတ်ဘဲ စာဖတ်ရင်း အိပ်ပျော်သွားတာ၊ မျက်မှန်ကို ဗူးလေးထဲ ထည့်သိမ်းပြီး ခန်းစီးလိုက်ကာကို ပိတ်ပေးတော့ သူမဟာ ဂျင်းထမီ ပန်ဆီရင့်ရောင်နဲ့၊ စပန့်သားလက်ပြတ်ပေါ် ဂွမ်း အနွေးထည် ထပ် ထားတယ်၊ မှန်ပြတင်းဝမှာ ဖြာကျနေတဲ့လရိပ်ထဲ သူမရဲ့ သွားထပ်လေး ဝင်းခနဲ လက်သွားတော့၊ မနက် သုံးနာရီတောင်ခွဲမှပဲ၊ မနက်ဖြန်ကျရင် မိတ်ဆုံစားပွဲတစ်ခု တက်ရအုံးမယ် ...
အသက်တွေရလာတော့ အရင်လို စိတ်သွားတိုင်း ကိုယ်ပါဖို့ ခက်ခဲလာတယ်၊ တုတ်ကောက်လေးလည်း ဆောင်ထားဖြစ်တယ်၊ ဇီးကွက်ကလေးရေ အိပ်မက်တွေ ချိုမြနေပါစေ၊ မနက်ခင်းဟာ မသေမချင်းတော့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါအုံးမယ် ... ။
#KLT
18 Nov 2017
Painting Credit: M Bleichner

ကျီးသာရင် ဧည့်လာတယ် .. ဇီးကွက်ကလေးဟာ ကတ္တီပါလျှောက်လမ်း ခန်းဆောင်နီ အိပ်မက်ထဲက ကြယ်သေနတ်ဘုရားမလေး ဖြစ်တယ် ...
ချောင်းဆိုးလို့ ကောင်းနေတုန်းပဲ ကျနော့်မှာ၊ နိုဝင်ဘာဆိုတာနဲ့ အအေးဓာတ် ပိုပြီလေ၊ ဒါနဲ့ Gwen Bristow ဝတ္ထု လေးတွေ ပြန်ဖတ်ချင်တဲ့အကြောင်း သူမကို စိတ်ထဲက တိုးတိုးလေးပြောပြတော့ အိပ်မက်ထဲမှာ အိပ်ရာကနှိုးပြီး သူမ ကျနော့်ကို ည ရေနွေချမ်းလေး တိုက်တယ်လေ ...
ကျနော်က မျက်မှန်မချွတ်ဘဲ စာဖတ်ရင်း အိပ်ပျော်သွားတာ၊ မျက်မှန်ကို ဗူးလေးထဲ ထည့်သိမ်းပြီး ခန်းစီးလိုက်ကာကို ပိတ်ပေးတော့ သူမဟာ ဂျင်းထမီ ပန်ဆီရင့်ရောင်နဲ့၊ စပန့်သားလက်ပြတ်ပေါ် ဂွမ်း အနွေးထည် ထပ် ထားတယ်၊ မှန်ပြတင်းဝမှာ ဖြာကျနေတဲ့လရိပ်ထဲ သူမရဲ့ သွားထပ်လေး ဝင်းခနဲ လက်သွားတော့၊ မနက် သုံးနာရီတောင်ခွဲမှပဲ၊ မနက်ဖြန်ကျရင် မိတ်ဆုံစားပွဲတစ်ခု တက်ရအုံးမယ် ...
အသက်တွေရလာတော့ အရင်လို စိတ်သွားတိုင်း ကိုယ်ပါဖို့ ခက်ခဲလာတယ်၊ တုတ်ကောက်လေးလည်း ဆောင်ထားဖြစ်တယ်၊ ဇီးကွက်ကလေးရေ အိပ်မက်တွေ ချိုမြနေပါစေ၊ မနက်ခင်းဟာ မသေမချင်းတော့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါအုံးမယ် ... ။
#KLT
18 Nov 2017
Painting Credit: M Bleichner

Comments
Post a Comment