ဓလေ့ထုံးတမ်းဥပဒေနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဘယ်တော့ရမလဲ
ချင်းပြည်နယ်၊ မင်းတပ်မြို့မှ ရှစ်မိုင်ကျော်ဝေးသော ဝမ္မသူရွာသို့ အသွား တောင်တက်လမ်း ပေါ်တွင် ဂျစ်ကားတစ်စီး ချောက်ထဲ ပြုတ်ကျပြီး ခရီးသည်လေးဦး သေဆုံး သွားသော ဖြစ်ရပ်တစ်ခု ၂ဝ၁၄၊ မတ်အတွင်းက ဖြစ်ပွားခဲ့သည်။
ယာဉ်မောင်း ကိုဟာခွီရှိန်းမှာ အသက်မသေသော်လည်း ဝမ်းဗိုက်တွင် ကားမှန်ကွဲစ ထိုးစိုက်ခဲ့ပြီး ကျောတွင်လည်း ဝါးချွန် ထိုးစိုက်ဝင်သွားသည့် ဒဏ်ရာများရရှိခဲ့သည်။ ၄င်းအား ရဲတပ်ဖွဲ့ က ဖမ်းဆီးစစ်ဆေးနေချိန်တွင် ၄င်း၏မိဘများက သေဆုံးခဲ့သူ များ၏ မိသားစုများထံ ချင်းရိုးရာဓလေ့ထုံးတမ်းဥပဒေသများ အတိုင်း သွားရောက်တောင်းပန်ခဲ့ကြသည်။
ကျန်ရစ်သူမိသားစုဝင်များကလည်း အမှုအတွက် ကျေ အေးစာများ ရေးပေးခဲ့သလို ခွင့်လွှတ်ကြောင်း ထွက်ဆိုခဲ့ကြ သည်။ သို့ရာတွင် တရားရုံးကတော့ အမှုကို ပိတ်သိမ်းမပေးဘဲ ကိုဟာခွီရှိန်းအား ရာဇသတ်ကြီးဥပဒေပုဒ်မ ၃ဝ၄ (က) ပေါ့ဆမှု ကြောင့် လူသေစေမှုဖြင့် ထောင်ဒဏ်တစ်နှစ် ချမှတ်လိုက်သည်။
”ဓလေ့ရိုးရာအရ စီရင်မှုမှာကတော့ ထောင်ဒဏ်ဆိုတာ မရှိပါဘူး၊ ဖြတ်ထုံး(စီရင်ချက်) တွေအားလုံးက ပြေလည်သင့် မြတ်ရေးအတွက်ပဲ ရှိတော့ သူတို့ကြားမှာ လူမှုရေးထိခိုက်မှုဆို တာလည်း လျော့ပါးသွားစေပါတယ်”ဟု အဆိုပါအမှုတွင် ကိုဟာခွီရှိန်းဘက်မှ လိုက်ပါဆောင်ရွက်ပေးသည့် တရားလွှတ် တော်ရှေ့နေ ဦးအောင်လိန်းဖေက ရိုးရာဓလေ့တရားစီရင်ရေး၏ အားသာချက်ကို ရှင်းပြသည်။
မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ မှီတင်းနေ ထိုင်ရာ ပြည်ထောင်စုတစ်ရပ်ဖြစ်ရာ ကိုယ်ပိုင်ဓလေ့ထုံးတမ်း ဥပဒေသများ ရှိကြသည်။ သို့သော်လည်း ယင်းဥပဒေများကို တရားဝင်ပြဋ္ဌာန်း စီရင်ပိုင်ခွင့် မရရှိသေးကြောင်း ဥပဒေပညာ ရှင်များနှင့် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များက ထောက်ပြကြသည်။
ထို့အပြင် ပြစ်မှုရှိသူများသည် နိုင်ငံတော်တရားစီရင်ရေး စနစ်အရ ပြစ်ဒဏ်ကျခံရသကဲ့သို့ တစ်ဖက်တွင် ဓလေ့ထုံးတမ်း အရ လျော်ကြေးပေးရခြင်း၊ တောင်းပန်ရခြင်းများ ရှိနေရာ ပြစ်မှု တစ်ခုအတွက် ပြစ်ဒဏ်နှစ်မျိုးကျခံနေရကြောင်း မင်းတပ် မဲ ဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတိတ်ထန်းက ပြောကြားသည်။
”ကျွန်တော်တို့ဆီမှာက ကိုယ့်ရိုးရာဓလေ့ရော၊ နိုင်ငံတော် ဥပဒေရဲ့ လွှမ်းမိုးမှုရော ရှိနေတော့ နှစ်ခါနာတာပေါ့”ဟု ချင်းပြည် နယ်လွှတ်တော်၊ တိုင်းရင်းသားရေးရာကော်မတီဥက္ကဋ္ဌလည်း ဖြစ်သည့် ဦးတိတ်ထန်းက ဆိုသည်။
ဓလေ့ထုံးတမ်းဥပဒေဆိုတာ ဘာလဲ
ဓလေ့ထုံးတမ်းဥပဒေသများသည် နေ့ချင်းညချင်း ပြည့်ပြည့်စုံစုံ ပေါ်ပေါက်လာခြင်းမဟုတ်ဘဲ ရပ်ရွာဒေသအတွင်းတွင် လူလူချင်း ကူးလူးဆက်ဆံခြင်းမှ လိုအပ်သလို ပေါ်ထွက်လာခြင်း ဖြစ်ကာ ကာလကြာမြင့်သည့်အခါတွင် လူ့အဖွဲ့အစည်းများ အတွင်း အသီးသီးလက်ခံကျင့်သုံးလာသည့် ဥပဒေများဖြစ် ကြောင်း ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှ အထက်တန်းရှေ့နေ ဦးလွမ်ဇောင်းက ဆိုသည်။
ဓလေ့ထုံးတမ်းဥပဒေသများသည် နေ့ချင်းညချင်း ပြည့်ပြည့်စုံစုံ ပေါ်ပေါက်လာခြင်းမဟုတ်ဘဲ ရပ်ရွာဒေသအတွင်းတွင် လူလူချင်း ကူးလူးဆက်ဆံခြင်းမှ လိုအပ်သလို ပေါ်ထွက်လာခြင်း ဖြစ်ကာ ကာလကြာမြင့်သည့်အခါတွင် လူ့အဖွဲ့အစည်းများ အတွင်း အသီးသီးလက်ခံကျင့်သုံးလာသည့် ဥပဒေများဖြစ် ကြောင်း ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှ အထက်တန်းရှေ့နေ ဦးလွမ်ဇောင်းက ဆိုသည်။
”’ဥပဒေအစ ဓလေ့ထုံးတမ်းက’ ဆိုတဲ့ ဆိုရိုးစကားရှိပါ တယ်။ တိုင်းရင်းသားတွေရဲ့ ရာဇဝင်၊ ကိုးကွယ်ယုံကြည်မှု၊ လူနေ မှုတွေအရ ရှိပြီးသား စည်းကမ်းကျင့်ဝတ်တွေ ထုတ်ယူပေါင်းစပ် ပြီးမှ ဓလေ့ထုံးတမ်း ဥပဒေတွေက ရုပ်လုံးပေါ်လာတာပါ”ဟု ၄င်းက ရှင်းပြသည်။
ဖက်ဒရယ်မူတည်ဆောက်ရေးနှင့် တိုင်းရင်းသားရေးရာ ကိစ္စရပ်များနှင့်ပတ်သက်၍ သုတေသနများ ပြုလုပ်လျက်ရှိသည့် Pyidaungsu Institute ၏ ဌာနေညွှန်ကြားရေးမှူး ဒေါက်တာ စိုင်းဦးကတော့ တိုင်းရင်းသားတိုင်းတွင် ၄င်းတို့ တန်ဖိုးထားသည့် အပြန်အလှန် လေးစားမှုများသည် ဒေသနှင့် လူမျိုးအလိုက်ရှိပြီး အမှားတစ်စုံတစ်ခု ကျူးလွန်မိပြီဆိုလျှင် တောင်းပန်သည့် လက္ခဏာဆောင်သော ပုံစံမျိုးဖြင့်ဖြစ်စေ၊ ဝမ်းနည်းသည့် လက္ခဏာဆောင်သော ပုံစံမျိုးဖြင့် ဖြစ်စေ ထုံးတမ်းအစဉ်အလာ များကို ကျင့်သုံးကြသည်ဟု ရှင်းပြသည်။
ပြည်ထောင်စုအတွင်း လက်ရှိ တည်ဆဲဥပဒေများအရဆို ရင် ကျူးလွန်သည့် အပြစ်၏ ကြီးလေးမှုအလိုက် ထောင်ဒဏ်၊ ငွေ ဒဏ်များ ပြဋ္ဌာန်းထားသော်လည်း ”ဓလေ့ ထုံးတမ်းမှာကတော့ အပြစ်ရဲ့ တန်ဖိုးထက် စိတ်ပိုင်းဆိုင်ရာအရ ပြေလည်မှုကို အဓိက ရှေးရှုတာ ဖြစ်ပါတယ်၊ ဒါမျိုးက ရှေရှည်မှာ ပြဿနာပြေလည်မှုကို အားပေးသလို အပြန်အလှန်လည်း ငြိမ်းအေးမှုရစေပါတယ်”ဟု ရှမ်းတိုင်းရင်းသားတစ်ဦးလည်း ဖြစ်သည့် ၄င်းက သုံးသပ်သည်။
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ဆော်လောင်းကျေး ရွာမှ ဦးဟုန်းလိန်းသည် ၂ဝ၁၁၊ ဖေဖော်ဝါရီမှာ နားရွက်တစ်ဖက် ပြတ်သည်အထိ ရန်ပြုခြင်းခံခဲ့ရသည်။ သူ့ဇနီး၏ မောင်ဝမ်းကွဲ တော်စပ်သူနှင့် စကားများရန်ဖြစ်ရာမှ နားရွက်ကို ဓားဖြင့် အထိုး ခံလိုက်ရခြင်း ဖြစ်သည်။
နောက်တစ်ရက်တွင် ကန်ပက်လက်မြို့မရဲစခန်းက ပြစ်မှု ကျူးလွန်သူကို ဖမ်းဆီးကာ ပုဒ်မ ၃၂၆ (အပြင်းအထန် ထိခိုက် နာကျင်စေမှု)ဖြင့် အမှုဖွင့်ခဲ့သည်။ သူကိုယ်တိုင်ကတော့ ဆေးရုံ တွင် နှစ်ပတ်ကျော်ကြာ ဆေးကုသမှု ခံယူခဲ့ရသည်ဟု ဦးဟုန်း လိန်းက ပြောကြားသည်။
သူ ဆေးရုံက ဆင်းလာသည့်အခါ ပြစ်မှုကျူးလွန်သူဘက်မှ မိသားစုက ကိုယ်တိုင်လာရောက်တောင်းပန်ခြင်း၊ အောင်တမန် များ စေလွှတ်၍ ညှိနှိုင်းခြင်းများ ပြုလုပ်ခဲ့သည်။ အောင်တမန် ဆိုသည်ကတော့ အမှုအခင်းတစ်ခုခု ဖြစ်ပွားလာလျှင် ကြားဝင်စေ့စပ်ဖျန်ဖြေပေးရသူများဖြစ်ကာ ပြစ်မှုကျူးလွန်သူဘက်ရော ကျူးလွန်ခြင်းခံရသူများဘက်ကပါ အောင်တမန်များ ထားရှိပြီး အပြန်အလှန်ညှိနှိုင်းကြခြင်းဖြစ်သည်။
အောင်တမန်ဖြစ်သူသည် ချင်းဓလေ့ထုံးတမ်းကို နားလည် ရမည်ဖြစ်သလို ဘက်မလိုက်သည့် ပုဂ္ဂိုလ်မျိုးလည်း ဖြစ်ရမည်ဟု တရားလွှတ်တော်ရှေ့နေ ဦးအောင်လိန်းဖေက ရှင်းပြသည်။
”ဟိုးအရင်ခေတ်ကဆို တရားခံက မလျော်နိုင်ရင် သူ (အောင်တမန်)က စိုက်ပြီးလျော်ပေးရတယ်”ဟု ၄င်းက ဆိုသည်။
ဦးဟုန်းလိန်းအပေါ် ကျူးလွန်ခဲ့သည့် အပြစ်အတွက် တစ် ဖက်က လျော်ကြေးအဖြစ် ရွှေနားဘပ်တစ်ရံ (ရွှေနှင့် ငွေကို ရော ၍ လုပ်ထားသော အမျိုးသားဝတ် နားကပ်)၊ နွားမိတွဲတစ်တွဲ (နွားမကြီးနှင့် နွားသားပေါက်)တို့အပြင် သာရေးနာရေး အခမ်း အနားများ ကျင်းပလျှင် တီးခတ်သည့် ကြေးမောင်းတစ်လုံးကိုပါ ပေးခဲ့သည်။
ဦးဟုန်းလိန်းအပေါ် ကျူးလွန်ခဲ့သည့် အပြစ်အတွက် တစ် ဖက်က လျော်ကြေးအဖြစ် ရွှေနားဘပ်တစ်ရံ (ရွှေနှင့် ငွေကို ရော ၍ လုပ်ထားသော အမျိုးသားဝတ် နားကပ်)၊ နွားမိတွဲတစ်တွဲ (နွားမကြီးနှင့် နွားသားပေါက်)တို့အပြင် သာရေးနာရေး အခမ်း အနားများ ကျင်းပလျှင် တီးခတ်သည့် ကြေးမောင်းတစ်လုံးကိုပါ ပေးခဲ့သည်။
ကျူးလွန်သူ၏ မိသားစုဝင်များက ၄င်း၏အိမ်တွင် ဆိတ် တစ်ကောင် သတ်ကာ ချက်ပြုတ်ပြင်ဆင်သည်။ ထို့နောက် ခေါင် ရည်ဖြင့် နှစ်ဖက်ဆွေမျိုး၊ လူကြီးသူမ၊ အိမ်နီးနားချင်းများ အား လုံးကို တည်ခင်းဧည့်ခံခဲ့သည်။ ယင်းသို့ ပေးလျော်ပြီး ဓလေ့ထုံး တမ်းအရ တောင်းပန်ခြင်းအား အသိအမှတ်ပြုလက်ခံသော အနေဖြင့် ဦးဟုန်းလိန်းကလည်း ကြက်တစ်ကောင်ပြန်သတ်ပေး ပြီး ခေါင်ရည်ပွဲဖြင့် တည်ခင်းကျွေးမွေးခဲ့သည်။
ထို့နောက် ဦးဟုန်းလိန်းက ယင်းအမှုအတွက် ခွင့်လွှတ် ကျေအေးကြောင်းနှင့် ပြစ်ဒဏ်ရစေလိုခြင်း မရှိကြောင်း လက် မှတ်ထိုးကာ စာတစ်စောင်ရေးပေးလိုက်သည်။ ထိုစာအား ကျူး လွန်သူ၏ မိဘများက တရားရုံးတွင်တင်ပြပြီး အမှုရုပ်သိမ်းပေး ရန်လျှောက်ထားရာ တရားရုံးကလည်း အမှုအားရုပ်သိမ်း ပေးလိုက်သည်။
ကျူးလွန်သူဘက်မှ ပေးလျော်ခဲ့သည်များကို ရောင်းချပြီး ဆေးကုခဲ့၍ လူကောင်းပကတိပြန်ဖြစ်လာသလို သူအလုပ်မလုပ် နိုင်သည့်အချိန်မှာ မိသားစုဝင်ငွေ မရှိသော်လည်း ထိုအလျော် ရသည့်အရာများက အထောက်အပံ့ဖြစ်စေခဲ့သည်ဟု ဦးဟုန်း လိန်းက ပြောသည်။
”သူထောင်ကျသွားလို့ရော ဘာထူးမှာလဲ။ ရန်ငြိုးက လည်း ပြီးမှာမဟုတ်ဘူး။ အခုကတော့ တစ်ယောက်နဲ့ တစ် ယောက် ပြေလည်သွားတာပေါ့။ လမ်းတွေ့ရင် ခေါ်ကြပြောကြ၊ လုပ်စရာရှိလည်း အတူတူလုပ်ကြတာပေါ့”ဟု သူက ဆိုသည်။
ချင်းပြည်နယ်တွင် အခြားမြေပြန့်ဒေသများနှင့်မတူသည်မှာ ၄င်းတို့၏တိုင်းရင်းသားဓလေ့ထုံးတမ်းအရ ဖြေရှင်း၍ ပြေ လည်ပါက ပြစ်မှုအများစုကို ချင်းဝိသေသတိုင်းအက်ဥပဒေအရ ကျေအေးခွင့်ပြုပေးထားသည်။
ချင်းဝိသေသတိုင်းအက်ဥပဒေသည် ဗြိတိသျှအစိုးရက ရေးဆွဲပြဋ္ဌာန်းခဲ့သော ၁၈၉၆ ချင်းတောင်များ စည်းမျဉ်းဥပဒေ (The Chin Hills Regulation, 1896) ကို ပယ်ဖျက်၍ ၁၉၄၈ တွင် အစားထိုး ပြဋ္ဌာန်းခဲ့သည့် ဒေသန္တရ ဥပဒေတစ်ရပ် ဖြစ်သည်။
ချင်းဝိသေသတိုင်းအက်ဥပဒေသည် ဗြိတိသျှအစိုးရက ရေးဆွဲပြဋ္ဌာန်းခဲ့သော ၁၈၉၆ ချင်းတောင်များ စည်းမျဉ်းဥပဒေ (The Chin Hills Regulation, 1896) ကို ပယ်ဖျက်၍ ၁၉၄၈ တွင် အစားထိုး ပြဋ္ဌာန်းခဲ့သည့် ဒေသန္တရ ဥပဒေတစ်ရပ် ဖြစ်သည်။
ချင်းပြည်နယ်အတွင်းဖြစ်ပွားသည့် အမှုအခင်းများတွင် တရားခံက ချင်းတိုင်းရင်းသားတစ်ဦးဖြစ်လျှင် ”ချင်းဝိသေသ တိုင်းအက်ဥပဒေကို ခံစားခွင့်ရှိတယ်။ ဒီဥပဒေရဲ့ အကာအကွယ် ကို ယူခွင့်ရှိတယ်”ဟု ကန်ပက်လက်မြို့မ ရဲစခန်းမှ စခန်းမှူး ရဲ အုပ်ချွဲဘူမနားက ဆိုသည်။
ချင်းအက်(ချင်းဝိသေသတိုင်းအက်ဥပဒေ)တွင် ရာဇသတ် ကြီးဥပဒေ အခန်း ၁၇ ပါ ခိုးမှု၊ ခြောက်လှန့်တောင်းယူမှု၊ လုယက် မှု၊ ခိုးရာပါပစ္စည်းအား မရိုးဖြောင့်သောသဘောဖြင့် လက်ခံမှု၊ အယောင်ဆောင်လိမ်လည်မှု၊ လမ်းတံတား ဖျက်ဆီးမှု၊ ပိုင်နက် ကျူးကျော်မှု၊ ဖောက်ထွင်းမှုတို့မှလွဲ၍ အခြားပြစ်မှုအများစုကို ကျေအေးခွင့်ပေးထားကြောင်း မင်းတပ်ဇာတိ ချင်းတိုင်းရင်း သားဖြစ်သူ ရဲအုပ်ချွဲဘူမနားက ရှင်းပြသည်။
”ချင်းအက်အရ ချင်းပြည်နယ်အတွင်းမှာတော့ ကင်း လွတ်ခွင့်ပြုပေးထားတယ်။ တရားလိုဘက်က ကျေအေးရင် တရားရုံးက အမှုကို ရုပ်သိမ်းပေးတယ်”ဟု ၄င်းက ဆိုသည်။
ဓလေ့ထုံးတမ်းဥပဒေများ တိမ်ကောလာ
တိုင်းရင်းသားများတွင် ကိုယ်ပိုင်ဓလေ့ထုံးတမ်းဥပဒေများ ရှေးအစဉ်အဆက်ကတည်းက ရှိခဲ့သည်။ လွန်ခဲ့သော နှစ်ပေါင်း နှစ်ဆယ်ကျော်ကာလကဆိုလျှင် ချင်းပြည်နယ်တွင် မြို့နယ် အဆင့်၌သာ အုပ်ချုပ်ရေးအားကောင်းပြီး ကျေးရွာအများစုမှာ နိုင်ငံတော်အုပ်ချုပ်ရေး၊ တရားစီရင်ရေးစနစ်တို့နှင့် လက်လှမ်း မမီသဖြင့် အမှုအခင်းများဖြစ်ပါက ဓလေ့ထုံးတမ်းအရသာ စီရင် ခဲ့ကြကြောင်း တီးတိန်မြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးနိန်း ထွန်းခမ်က ပြောသည်။
တိုင်းရင်းသားများတွင် ကိုယ်ပိုင်ဓလေ့ထုံးတမ်းဥပဒေများ ရှေးအစဉ်အဆက်ကတည်းက ရှိခဲ့သည်။ လွန်ခဲ့သော နှစ်ပေါင်း နှစ်ဆယ်ကျော်ကာလကဆိုလျှင် ချင်းပြည်နယ်တွင် မြို့နယ် အဆင့်၌သာ အုပ်ချုပ်ရေးအားကောင်းပြီး ကျေးရွာအများစုမှာ နိုင်ငံတော်အုပ်ချုပ်ရေး၊ တရားစီရင်ရေးစနစ်တို့နှင့် လက်လှမ်း မမီသဖြင့် အမှုအခင်းများဖြစ်ပါက ဓလေ့ထုံးတမ်းအရသာ စီရင် ခဲ့ကြကြောင်း တီးတိန်မြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးနိန်း ထွန်းခမ်က ပြောသည်။
သို့သော် လက်ရှိကာလမှာတော့ အုပ်ချုပ်ရေးစနစ်များ ပြောင်းလဲလာသည့်နည်းတူ ရဲဌာနများအနေဖြင့်လည်း ဒေသ အားလုံးကို ထိန်းချုပ်လာနိုင်ရာ ရွာတစ်ရွာတွင် အမှုအခင်းတစ်ခု ဖြစ်ပွားသည်နှင့် သတင်းရရှိမှုနှင့် အရေးယူဆောင်ရွက်နိုင်မှု ပိုမို အားကောင်းလာကြောင်း ၄င်းက မှတ်ချက်ပြုသည်။
”ဒီလို အားကောင်းလာတာနဲ့အမျှ တစ်ဖက်မှာလည်း ဓလေ့ထုံးတမ်းဥပဒေနဲ့ ဖြေရှင်းနိုင်မှုက တစ်စတစ်စလျော့ပါး သွားတာပေါ့”ဟု နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီခေတ်ဦးကာလတွင် တီးတိန်မြို့နယ် အုပ်ချုပ်ရေးမှူး အဖြစ် ဆောင်ရွက်ခဲ့သည့် ဦးနိန်းထွန်းခမ်က ပြောသည်။
ယခင်က ဓလေ့ထုံးတမ်းဖြင့်သာ ဖြေရှင်းခဲ့သည့် အမှုကိစ္စ များက ယခုအခါ နိုင်ငံတော်တရားရုံးများသို့ ရောက်ရှိလာသည်။ တရားရုံးများမှ အမိန့်ချမှတ်ပြီးသော်လည်း ဓလေ့ထုံးတမ်းအရထပ်မံဖြေရှင်းကြပြန်ရာ တရားခံများဘက်တွင် နစ်နာမှုများရှိ လာကြောင်း မြန်မာနိုင်ငံလွတ်လပ်သောရှေ့နေများအသင်း (ချင်းပြည်နယ် အလုပ်အမှုဆောင်အဖွဲ့) ဥက္ကဋ္ဌ ဦးအောင်လိန်း ဖေက သုံးသပ်သည်။
ဆောင်းပါးအစတွင်ဖော်ပြခဲ့သည့် ကိုဟာခွီရှိန်းအမှုဆို လျှင် ဓလေ့ထုံးတမ်းဖြင့် ကျေအေးမှုကို ရရှိခဲ့သော်လည်း တရား ရုံးက ကျေးအေးခွင့်မပေးဘဲ အပြစ်ပေးခြင်းကို ခံခဲ့ရသည့် ဥပမာ တစ်ခုဖြစ်သည်။
ဓလေ့ထုံးတမ်းဖြင့် စီရင်ခွင့်ရသည့် နာဂဒေသ
ချင်းပြည်နယ်ဘက်တွင် ဓလေ့ထုံးတမ်းဖြင့် အမှုအခင်းစီ ရင်မှု လျော့နည်းလာနေသော်လည်း စစ်ကိုင်းတိုင်းဒေသကြီး အတွင်းက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်တော့ ဓလေ့ထုံး တမ်းဖြင့် စီရင်ဆုံးဖြတ်သည့် အစဉ်အလာရှိနေပါသေးသည်။
ချင်းပြည်နယ်ဘက်တွင် ဓလေ့ထုံးတမ်းဖြင့် အမှုအခင်းစီ ရင်မှု လျော့နည်းလာနေသော်လည်း စစ်ကိုင်းတိုင်းဒေသကြီး အတွင်းက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်တော့ ဓလေ့ထုံး တမ်းဖြင့် စီရင်ဆုံးဖြတ်သည့် အစဉ်အလာရှိနေပါသေးသည်။
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၆ (က) အရ စစ် ကိုင်းတိုင်းရှိ လေရှီး၊ လဟယ်နှင့် နန်းယွန်း မြို့နယ်သုံးခုအား စု စည်းကာ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဟု သတ်မှတ်ထား သည်။ ယင်းမြို့နယ်သုံးခုတွင် ကျေးရွာ ၅ဝဝ ကျော်ရပြီး ရွာတိုင်း တွင်လည်း ဓလေ့ရိုးရာတရားရုံးများ ရှိကြသည်။
တရားရုံးဟု ဆိုသော်လည်း သီးသန့်ရုံးနေရာဖြင့် အမြဲ ဖွင့် လှစ်ထားချင်းမဟုတ်ပေ။ နန်းယွန်းမြို့နယ်မှာဆိုလျှင် မြို့နယ် အဆင့် ဓလေ့ရိုးရာတရားရုံးနေရာကို နာဂရိုးရာစာပေနှင့် ယဉ် ကျေးမှု ဗဟိုကော်မတီ၏ ခန်းမနေရာတွင်သာ ထားရှိသည်ဟု ယင်းကော်မတီ၏ ဥက္ကဋ္ဌ ဦးနောက်ထွန်းက ဆိုသည်။
နေ့စဉ်ရုံးထိုင်ခြင်းမျိုးလည်း မရှိဘဲ အမှုဖြစ်ပွားချိန်မှသာ ထိုနေရာတွင် စုဝေး၊ ကြားနာစစ်ဆေးမှုများ ပြုလုပ်ကြပြီး ရပ် ကျေးအဆင့်ဆိုလျှင် သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာများရှိ အုပ် ချုပ်ရေးမှူးအိမ်တွင်သော်လည်းကောင်း တရားစီရင်ရေးကော် မတီ ဥက္ကဋ္ဌအိမ်တွင်သော်လည်းကောင်း အလျဉ်းသင့်သလို စီရင် ကြကြောင်း ၄င်းက ပြောကြားသည်။
တရားစီရင်ရေးကော်မတီတွင် မြို့နယ်အဆင့်ဆိုပါလျှင် ပြည်သူလူထုက လေးစားပြီး သမာသမတ်ရှိကာ ဓလေ့ထုံးတမ်း ဥပဒေသများနှင့် တရားစီရင်ရေး နားလည်တတ်ကျွမ်းသူ၊ ရှေ့မီ နောက်မီ အသက် ၆ဝ နှင့်အထက်ရှိသူများအား ကော်မတီဝင် အဖြစ် ခန့်အပ်ကြသည်။
မြန်မာနိုင်ငံအတွင်းရှိ နာဂတိုင်းရင်းသားများတွင် မျိုးနွယ် စုပေါင်း ၁၂ ခုခန့်အထိရှိရာ ယင်းတို့၏ ဓလေ့ရိုးရာ တရားစီရင် ထုံးများကလည်း တစ်ခုနှင့် တစ်ခု မတူညီကြပေ။ နာဂမျိုးနွယ်စု နှစ်ခုဖြစ်သော ကဲဆန်မျိုးနွယ်စုနှင့် ရန်စီမျိုးနွယ်စုတို့တွင် မတော် တဆ လူသေစေမှုနှင့်ပတ်သက်၍ ပြစ်ဒဏ်များ မတူညီကြပေ။
အမဲလိုက်ရင်း ပစ်ခတ်မိ၍ဖြစ်စေ၊ ခိုက်ရန်ဖြစ်ပွားရာမှ ခြေ လွန်လက်လွန်ဖြစ်၍ သတ်မိသည့် လူသေမှုမျိုးဖြစ်စေ၊ ယာဉ် တိုက်မှုမျိုးတွင်ဖြစ်စေ ရည်ရွယ်ချက်မရှိဘဲ သို့မဟုတ် ကြိုတင်ကြံ စည်အားထုတ်ခြင်းမျိုး မဟုတ်လျှင် ကဲဆန်မျိုးနွယ်စုများတွင် ကျွဲသတ်၍တောင်းပန်ကာ သင်္ဂြိုဟ်စရိတ်ကျခံပေးခြင်းဖြင့် ဖြေ ရှင်းပြေလည်ကြသည်ဟု ဦးနောက်ထွန်းက ဆိုသည်။
အမဲလိုက်ရင်း ပစ်ခတ်မိ၍ဖြစ်စေ၊ ခိုက်ရန်ဖြစ်ပွားရာမှ ခြေ လွန်လက်လွန်ဖြစ်၍ သတ်မိသည့် လူသေမှုမျိုးဖြစ်စေ၊ ယာဉ် တိုက်မှုမျိုးတွင်ဖြစ်စေ ရည်ရွယ်ချက်မရှိဘဲ သို့မဟုတ် ကြိုတင်ကြံ စည်အားထုတ်ခြင်းမျိုး မဟုတ်လျှင် ကဲဆန်မျိုးနွယ်စုများတွင် ကျွဲသတ်၍တောင်းပန်ကာ သင်္ဂြိုဟ်စရိတ်ကျခံပေးခြင်းဖြင့် ဖြေ ရှင်းပြေလည်ကြသည်ဟု ဦးနောက်ထွန်းက ဆိုသည်။
”ရန်စီမျိုးနွယ်စုတွေမှာတော့ ဒီလိုပြစ်မှုမျိုးအတွက် တောင်းပန်ကျေအေးခွင့်မရှိပါဘူး။ သူတို့အတွက် တစ်ခုတည်း သော ပြစ်ဒဏ်က နယ်နှင်ဒဏ်ပါ။ ပြစ်မှုကျူးလွန်တဲ့သူဟာ သူ့ ရွာမှာ ဆက်နေခွင့်မရဘဲ တခြားရွာကို ပြောင်းရပါတယ်”
ပြစ်မှုကျူးလွန်သူကိုသာ ရွာမှနှင်ခြင်းဖြစ်သော်လည်း အများအားဖြင့် ထိုသို့နှင်ထုတ်ခံရသူနှင့် အတူနေသည့် မိသားစု ကပါ လိုက်ပါသွားလေ့ရှိကြသည်ဟု ၄င်းက ရှင်းပြသည်။
ဓလေ့ရိုးရာတရားရုံးမှ လက်ကိုင်ထားသည့် သက်ဆိုင်ရာ မျိုးနွယ်စု ဖြတ်ထုံးအတိုင်းဆိုလျှင် လူသတ်မှုအတွက် တူမီးသေ နတ်လေးလက် သို့မဟုတ် နာဂရိုးရာပုတီးများ ပေးလျော်စေပြီး တောင်းပန်ပွဲ ပြုလုပ်ခြင်းဖြင့်သော်လည်းကောင်း စီရင်စေမည် ဖြစ်သည်။
တူမီးသေနတ်တစ်လက်လျှင် ယနေ့ခေတ်ပေါက်ဈေးက ငွေကျပ် ရှစ်သောင်းဝန်းကျင်သာ ရှိသော်လည်း နာဂရိုးရာပုတီး ကတော့ ရှားပါးသည်။ အမွေအဖြစ်သာ အစဉ်အဆက် လက်ခံရရှိ ကြခြင်းဖြစ်ပြီး ကာလတန်ကြေးဖြတ်ရန် ခက်ခဲကြောင်း နာဂအမျိုးသားရေးရာကောင်စီမှ တွဲဖက်အထွေထွေအတွင်းရေး မှူး ဦးရှုမောင်က ရှင်းပြသည်။
ထိုအရာများမှာ လူ့အသက်တစ်ချောင်းနှင့်ဆိုပါက မည်သို့ မျှ နှိုင်းယှဉ်၍ ပြောနိုင်စရာမရှိသော်လည်း ဓလေ့ထုံးတမ်း ဥပဒေ၏ အနှစ်သာရကိုက ကျေအေးခွင့်လွှတ်ခြင်းကို အခြေခံ ထားသည်ဖြစ်၍ ယင်းသို့ အလျော်ပေးမှုစနစ်ကို ခေတ်အဆက် ဆက် ကျင့်သုံးနိုင်ခဲ့ခြင်း ဖြစ်သည်ဟု ၄င်းက သုံးသပ်သည်။
ဓလေ့ရိုးရာတရားရုံးများတွင်လည်း နိုင်ငံတော် တရားရုံး များကဲ့သို့ပင် စီရင်ချက်များအား ကျေနပ်မှုမရှိပါက ကျေးရွာ၊ ရပ်ကွက်မှ မျိုးနွယ်စုအဆင့်အထိလည်းကောင်း၊ ထိုမှတစ်ဆင့် အမြင့်ဆုံးဆိုလျှင် ဗဟိုရိုးရာယဉ်ကျေးမှုကော်မတီအထိ အဆင့် ဆင့် အယူခံဝင်နိုင်ကြောင်း နာဂအမျိုးသားရေးရာကောင်စီ ဥက္ကဋ္ဌ ဦးအထောင်းမကူရီက ဆိုသည်။
သို့ရာတွင် အချို့ပြစ်မှုများမှာ တရားခံအား ထောင်ဒဏ် ပေးမှရမည့် အခြေအနေမျိုးရှိလာသည့်အခါ ဓလေ့ထုံးတမ်း တရားစီရင်ရေးနှင့် ဖြေရှင်းခြင်း မပြုကြသည်များလည်းရှိသည်။ ယမန်နှစ်ကဆိုလျှင် ဇနီးသည်က ခင်ပွန်းဖြစ်သူအား သတ်ဖြတ် သည့် အမှုတစ်ခု ဖြစ်ပွားခဲ့သည်။
သို့ရာတွင် တရားခံဇနီးသည်ဆိုသူမှာ စိတ်ဖောက်ပြန်နေ သူဖြစ်ရာ ဓလေ့ထုံးတမ်းဖြင့် ဖြေရှင်းလိုက်ပါသော်လည်း နောင်တမရဘဲ အခြားလူများအား ထပ်မံသတ်ဖြတ်မည်ကို စိုး ရိမ်ကြရာ တရားလိုများက ရဲစခန်းသို့ တိုက်ရိုက်တိုင်ကြားပြီး အမှုဖွင့်ခဲ့သည်။ နန်းယွန်းမြို့နယ်ရဲစခန်းကလည်း တာဝန်ရှိ သည့်အတိုင်း အမှုဖွင့် အရေးယူကာ တရားခံအား ဖမ်းဆီးခဲ့သည်။
သို့ရာတွင် တရားခံဇနီးသည်ဆိုသူမှာ စိတ်ဖောက်ပြန်နေ သူဖြစ်ရာ ဓလေ့ထုံးတမ်းဖြင့် ဖြေရှင်းလိုက်ပါသော်လည်း နောင်တမရဘဲ အခြားလူများအား ထပ်မံသတ်ဖြတ်မည်ကို စိုး ရိမ်ကြရာ တရားလိုများက ရဲစခန်းသို့ တိုက်ရိုက်တိုင်ကြားပြီး အမှုဖွင့်ခဲ့သည်။ နန်းယွန်းမြို့နယ်ရဲစခန်းကလည်း တာဝန်ရှိ သည့်အတိုင်း အမှုဖွင့် အရေးယူကာ တရားခံအား ဖမ်းဆီးခဲ့သည်။
ထိုသို့သော အမှုမျိုးမှ အပ အမှုအခင်းအများစုကို နာဂ ဒေသတွင် ဓလေ့ထုံးတမ်းဥပဒေဖြင့်သာ ခေတ်အဆက်ဆက် ဖြေရှင်းခဲ့ကြသည်။ သို့သော် ထိုသို့ဖြေရှင်းနိုင်ရန် တရားဝင် ဥပဒေများ ပြဋ္ဌာန်းပေးထား ခြင်းတော့ မရှိသေးကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လွှတ် တော်ကိုယ်စားလှယ် နာဂ ဌာနေ တိုင်းရင်းသား ဦးရိထန် က ပြောကြားသည်။
ဓလေ့ထုံးတမ်း ဥပဒေ သများတွင် အားနည်းချက် များ ရှိကြသည်ကိုလည်း တိုင်း ရင်းသား ပညာရှင်များက ထောက်ပြကြပြီး အများစုမှာ တစ်ခေတ်တစ်ခါနှင့် အံဝင်ခဲ့ သော်လည်း မျက်မှောက် ကာလနှင့် မလျော်ညီတော့ သည့် အချက်များ ဖြစ်နေသည်။
ဓလေ့ထုံးတမ်း ဥပဒေများတွင် ခေတ်၏ပြောင်းလဲမှုအရ အားနည်း ချက်များ ရှိကြပြီး ”ဥပမာ-ဒီဘက်ခေတ်မှာဆိုရင် ကျား၊ မ တန်းတူရေးကို ဦးစားပေးလာ တယ်။ ဒါက ကောင်းတဲ့ အရာပါ။ ဓလေ့ထုံးတမ်းမှာက တော့ အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး နှိမ်ချခွဲခြားသလို ဖြစ်နေတာတွေ ရှိကြတယ်၊ ဒါမျိုးတွေကတော့ ခေတ်နဲ့လျော်ညီ အောင် ပြုပြင်သွားဖို့ လိုပါတယ်”ဟု Pyidaungsu Institute ၏ ဌာနေညွှန်ကြားရေးမှူး ဒေါက်တာစိုင်းဦးက သုံးသပ်သည်။
ဘယ်လိုပြင်ဆင်ပြဋ္ဌာန်းသင့်လဲ
ဓလေ့ထုံးတမ်းဥပဒေများကို တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် မည့်သည့်နေရာတွင် ခွင့်ပြုထားပြီး မည့်သည့်နေရာများတွင် ကျင့်သုံးခွင့်မပြုဟု ဥပဒေအရ ပြဋ္ဌာန်းပေးထားခြင်းမရှိကြောင်း ပညာရှင်များက ဆိုကြသည်။
ဓလေ့ထုံးတမ်းဥပဒေများကို တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် မည့်သည့်နေရာတွင် ခွင့်ပြုထားပြီး မည့်သည့်နေရာများတွင် ကျင့်သုံးခွင့်မပြုဟု ဥပဒေအရ ပြဋ္ဌာန်းပေးထားခြင်းမရှိကြောင်း ပညာရှင်များက ဆိုကြသည်။
လက်ရှိတွင် ဓလေ့ရိုးရာတရားရုံးများ တရားဝင်ဖွင့်လှစ်ပြီး စီရင်ခွင့်မရရှိသကဲ့သို့ ဓလေ့ရိုးရာတရားဥပဒေများကိုလည်း တရားဝင်ပြဋ္ဌာန်းနိုင်ခြင်း မရှိသေးသည့်အခြေအနေအပေါ် မြန်မာနိုင်ငံလွတ်လပ်သော ရှေ့နေများအသင်း (ချင်းပြည်နယ် အလုပ်အမှုဆောင်အဖွဲ့) ဥက္ကဋ္ဌ ဦးအောင်လိန်းဖေက ယခုလို မှတ်ချက်ပြုသည်။
”ကျွန်တော်တို့ ဖြစ်စေချင်တာကတော့ ဘိုးဘွားအစဉ် အဆက်ရှိခဲ့တဲ့ ဓလေ့ထုံး တမ်းဥပဒေတွေကို တရားဝင်အတည် ဖြစ်အောင် လုပ်ခွင့်ရပြီး ကိုယ့်ဒေသ ကိုယ်တရား စီရင်ခွင့်ရ ချင်တာပါ”
ဓလေ့ထုံးတမ်းဖြတ် ထုံးနှင့် စီရင်မှုများကို ဥပဒေ အဖြစ် အတည်ပြုလာ နိုင် ရေးသည် ခရီးရှည်တစ်ခု ဖြစ်ရာ လတ်တလောတွင် တိုင်းရင်းသား ဒေသ အလိုက် လုပ်ဆောင်သင့် သော အချက်မှာ ထိုဓလေ့ ထုံးတမ်းဥပဒေများအား သုတေသန ပြုစုထားနိုင် ရန်ဖြစ်ကြောင်း ရှမ်းပြည် နယ်၊ တောင်ကြီးမြို့ အခြေ စိုက် ပြည်သူ့အခွင့်အရေး အသိပညာပေးရေးနှင့် မြေယာပြဿ နာများ လိုက် လံကူညီဆောင်ရွက်ပေးနေ သည့် DEMO အဖွဲ့မှ ရှမ်း တိုင်းရင်းသား ကိုခွန်ခမ်း ကောင်က ပြောကြားသည်။
”ဘယ်စနစ်တွေက ကောင်းသလဲ၊ ဘယ်စနစ်က မကောင်းဘူးလဲ သေချာ ပြုစုဖို့ လိုတယ်။ ဒီလိုသုတေသနတွေကို အစိုးရက နည်းပညာနဲ့ ငွေ ကြေးအထောက်ပံ့ပေးပြီး ဝင်မစွက်ဖက်ဖို့လည်း လိုတယ်”ဟု ၄င်းက ဆိုသည်။
၎င်း၏အမြင်အတိုင်းပင် အလားတူ သုံးသပ်ချက်ပေးလာ သူကတော့ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှ အထက်တန်းရှေ့နေ ဦးလွမ်ဇောင်းဖြစ်သည်။ ဖြစ်နိုင်လျှင် အစိုးရကိုယ်တိုင်က ငွေ ကြေးထောက်ပံ့ပေးပြီး ယင်းဓလေ့ထုံးတမ်းဥပဒေများကို ပြန် လည်ရှာဖွေဖော်ထုတ်ကာ သုတေသနပြုလုပ်စေချင်သည်ဟု သူက တိုက်တွန်းသည်။
ချင်းအက်ကို ပြုပြင်ခြင်း၊ သို့မဟုတ် အသစ်ပြဋ္ဌာန်းခြင်းတို့ ပြုလုပ်မည်ဆိုပါက တစ်ပြည်နယ်လုံးမှ ကိုယ်စားလှယ်များ စုဝေး ၍ ဆွေးနွေးပြီး ခံယူချက်နှင့် သဘောဆန္ဒများ ကိုက်ညီအောင် လုပ်နိုင်မှသာ ရနိုင်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေအဖွဲ့ ချုပ် (NLD) ပါတီမှ မင်းတပ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးတိတ်ထန်းက ဆိုသည်။
ချင်းရိုးရာဓလေ့ထုံးတမ်းစီရင်မှုများနှင့် ယဉ်ကျေးမှုက ”မြောက်ပိုင်းချင်းတောင်နဲ့ တောင်ပိုင်းချင်းတောင်ဆိုတာမှာ တင် နှစ်ခုကွဲလွဲနေသေးတယ်။ ရေမြေသဘာဝ အနေအထားအရ ရော တအားကြီးအလှမ်းကွာနေတော့ သေချာညှိနှိုင်းတိုင်ပင် အဖြေရှာမှ ချင်းအက်အသစ်ကြီးဟာ ထွက်ပေါ်လာနိုင်မှာပါ”ဟု ၄င်းက ဆိုသည်။
မြန်မာနိုင်ငံလွတ်လပ်သော ရှေ့နေများအသင်း (ချင်းပြည် နယ်အလုပ်အမှုဆောင်အဖွဲ့) ကိုယ်စားလှယ်များသည် ပြီးခဲ့သည့် သမ္မတဦးသိန်းစိန်အစိုးရသက်တမ်းအတွင်းက ချင်းအက်ဥပဒေ အား ဓလေ့ထုံးတမ်းဥပဒေသများ ထည့်သွင်းရေးဆွဲ ပြဋ္ဌာန်းနိုင် ရန် ပြည်နယ်ဝန်ကြီးချုပ်၏လမ်းညွှန်ချက်နှင့်အတူ ကြိုးပမ်းခဲ့ကြ ဖူးသည်။
သို့ရာတွင် ဒေသအလိုက် ကွဲပြားသည့်ဥပဒေများကို သုတေသနပြုလုပ်ခြင်း၊ စုစည်းခြင်းနှင့် မျိုးနွယ်စုအလိုက် အကြီး အကဲများအား စုဝေးစေလျက် အစည်းအဝေးများပြုလုပ်ရန် ငွေ ကြေးလိုအပ်ချက်အပြင် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်နယ်လွှတ်တော်အဆင့်တွင် ဥပဒေပြဋ္ဌာန်းနိုင်မှုမရှိခြင်းက အဟန့်အတားတစ်ရပ် ဖြစ်ခဲ့သည်။
ပြည်နယ်အဆင့်လွှတ်တော်တွင် ဌာနေတိုင်းရင်းသား အများစု နေရာရထား၍ ကိုယ့်ဒေသအခြေအနေကို နားလည် သည် ဖြစ်ရာ ဤဥပဒေမျိုးကို အပြောင်းအလဲလုပ်ရန် လွယ်ကူ သော်လည်း ဥပဒေပြုရေးအာဏာက ပြည်ထောင်စုအဆင့်တွင် သာ ရှိနေခြင်းမှာ အဓိကစိန်ခေါ်မှုဖြစ်ကြောင်း တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်များက ဆိုသည်။
နာဂအမျိုးသားရေးရာကောင်စီ ဥက္ကဋ္ဌ ဦးအထောင်းမကူ ရီက ”အခြေခံဥပဒေအရရော ဒါက လုံးဝအသိအမှတ်ပြုဖို့ လို အပ်တယ်။ အခုလုပ်ထားတဲ့ ပုံစံက မယားငယ်ယူထားတဲ့ ပုံစံမျိုး ဗျ။ အသုံးဝင်တာတော့ မှန်ပေမယ့် တရားဝင်အသိအမှတ် မပြု ချင်ဘူး”ဟု နာဂဒေသအတွင်း နိုင်ငံတော်အဆင့် အသိအမှတ် ပြုမှုမဟုတ်သော်လည်း ဓလေ့ထုံးတမ်းဥပဒေများ အထိုက် အလျောက် ကျင့်သုံးခွင့်ရနေသည့်အပေါ် မှတ်ချက်ပြုသည်။
တိုင်းရင်းသားများ၏ ဓလေ့ထုံးတမ်းဥပဒေသများ ပြဋ္ဌာန်း ကျင့်သုံးနိုင်ရေးနှင့် ပတ်သက်ပြီး လက်ရှိအနေအထားမှာတော့ အစိုးရအနေဖြင့် မည့်သည့်အစီအစဉ်မှ မရှိသေးကြောင်း တိုင်း ရင်းသားရေးရာဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးမင်း အေးကိုက ပြောကြားသည်။
ဓလေ့ထုံးတမ်းစီရင်မှုများသည် ဥပဒေအဖြစ် အာဏာ သက်ရောက်မှုမရှိ၍ တရားဝင်မကျင့်သုံးနိုင်သည့်အခါတွင် ယင်း ဓလေ့များမှာ တဖြည်းဖြည်း ပျောက်ကွယ်လာမည့်ဘေးနှင့် ရင် ဆိုင်နေရကြောင်း မော်ကွန်းမဂ္ဂဇင်းမှ ချဉ်းကပ်ခဲ့သည့် ဌာနေ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် လွှတ်တော်ကိုယ်စားလှယ် များက ဆိုကြသည်။
တိုင်းရင်းသား ဓလေ့ထုံးတမ်းဥပဒေသများ ပျောက်ကွယ် သွားမည်ဆိုပါက ”ဒါဟာ ကိုယ့်ယဉ်ကျေးမှုရဲ့ ကျဆုံးမှုပါ၊ နာဂ တိုင်းရင်းသားတစ်ယောက်အနေနဲ့ ပြောရရင်တော့ ဒီလိုဖြစ်လာ မယ်ဆိုရင် ကျွန်တော်တို့ရဲ့ ဘဝရှင်သန်ရပ်တည်မှုကိုပါ ထိခိုက် လာနိုင်ပါတယ်”ဟု ဦးအထောင်းမကူရီက ဆိုသည်။ ။
၂၀၁၇-ဖေဖေါ်ဝါရီလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၃)မှ သတင်းဆောင်းပါး ဖြစ်ပါသည်။
ကျော်လင်းထွန်း ရေးသည်။








Comments
Post a Comment