တချို့ စကားလုံးတွေ မသုံးသင့်မှန်း သိတယ် ... ချိန်ကိုက်မှုအကြောင်း ခင်ဗျား နားချတာ သိပ်ကောင်းပါတယ် ... ဒါပေမဲ့ ဘယ်လို လုပ်မလဲ ... ကျုပ်မှ အဲဒီဖရိမ်ထဲ ရှိနေပြီးသား မဟုတ်ခဲ့တာ ... လက်ဆွဲနှုတ်ဆက်တယ် ... လက်ပြခွဲခွာတယ် ... ခင်ဗျား ကျုပ်ကို သဘောမတွေ့ သလိုပဲပေါ့ ... တောင်တွေ အမြစ်ကဆွဲနှုတ်ချင်ခဲ့သူလေ ... ဗလမတန် အားမသန်ခဲ့ဘူး ... မဖြောင့်တန်းမှုအတွက် ကျုပ်က ဘာတွေ သင်ယူရအုံးမှာလဲ ... လျာထားချက်ပြည့်မီ ကျော်လွန်ရေးဆိုတဲ့ ခင်ဗျားရဲ့စံကို လိုက်မီဖို့ဆိုတာ ဘဝရဲ့ပေးထားချက်ကို ဖီဆန်နေတော့ ခင်ဗျား လွှတ်ချရဲတဲ့ အရာတွေထဲ ကျုပ်လည်း ပါခဲ့ပြီလေ ... အပူပိုင်းဒေသသား တစ်ယောက်အနေနဲ့ ကျုပ်ဟာ စောက်ပျင်းကြီးတယ်လို့ ဆင်ခြေမကန်ပါဘူး ... မွေးရာပါဗီဇကိုက ပျင်းတတ်တာ ... ကျုပ်ရူးသွားပြီပေါ့ ... ကွန်ဂရက်ကျူလေးရှင်းပါ ... တခါတလေတော့ အရက်တွေ ခေါင်းဆိုက်အောင် သောက်ပစ်ချင်တယ် အနွံတာ ...
-KLT-

Comments