"ရှုထောင့်"
စူးစူးနစ်နစ်ချစ်ခဲ့ဖူးသည် ထင်သလား မှားတယ်
အနောက်နေကို အရှေ့သင်္ကေတ ထင်ခဲ့မိတာ။
မီးရထားကြားတွဲလို
တလူလူလေစိမ်းတွေမလာမီ ဘူတာထဲအရိပ်ရ
ခံစားချက်ကဗလာစာရွက်ပေါ် မျဉ်းကြောင်းခြား
ပြန်ပြလို့မရတဲ့ နောက်ကျပြက္ခဒိန်ဟာ စက္ကူပါပဲ
ခါးခါးသီးသီးမုန်းခဲ့ဖူးသည် မထင်ပါနဲ့ မှားတယ်
အစွန်းအဖျားကို ဗဟိုထားမိလို့ အီနားရှားအရွေ့
တုံ့ခနဲ သိမ့်ခါ နှစ်ခါမက ရပ်သွားတာ အလျင်မို့
ဘာမဆို အချိန်မီတယ် သိနှင့်တဲ့သတ္တိဟာ ဗီဇ
မှောင်မှာ ကြောက်လို့ မိုးချုပ် ညနက် နေပြီလား
မနက်တိုင်းမှာ ဒုက္ခတမ်းခြင်းနဲ့ ကန်းသူတစ်ဦး။
အိပ်မက်ဟာ ဇာတိအတိုင်း
မရဏကို လွယ်လွယ်လေး ကူးသွား နိုင်တယ်
သင်ခန်းစာထဲမှာ ငါ့ကို ပုစ္ဆာမှား အဖြေမှန်ခိုင်း
ရိုးရှင်းတဲ့ စနစ်အရ
သတိရတိုင်း စက္ကန့်ချက်က သတိပေးတယ်
ဘာအဓိပ္ပါယ်ရှိသလဲ ခေါက်ရိုးကျိုး နေပြောက်ပါ
အချိန်တန်ရင် အချိန်တန်မှာပဲ
ငြင်းလို့မရတဲ့အမှန်တရားဟာ အသဲကွဲပညက်။
ခင်မွန်မြတ်နိုး


Comments
Post a Comment