"လရောင်တမ်းချင်း"

ဘ၀ရဲ့ ဖြစ်တည်မှု အရှိတရားနဲ့ ရင်ဆိုင်ဖို့
နေရောင်ခြည်ကို ကျော်ကြည့်မိတယ် 
နှစ်တွေလည်း တိုက်စားလို့ မိုးစက်တွေ ကြွေလွင့်ခဲ့ပြီ
ငါ့ကောင်းကင်မှာ ကြယ်ဆုံပေမယ့်
မင်း ပျောက်ရှနေခဲ့


လရောင်တမ်းချင်းဟာ မွန်းတည့်ချိန်အထိ ဆွတ်ရှ
စက်တင်ဘာ လွမ်းဒဏ်ရာတွေ တရိပ်ရိပ်ခုတ်မောင်း
မှေးတေးတေး အိပ်ငိုက်နေတဲ့ မြို့ပြမှာ
ငါတူးဆွစရာ ဘာကျန်ခဲ့လို့လဲ

သုဝဏ္ဏဘူမိဟာ ထောင်နံရံတွေ
လေးဘက်လေးတန် ကာရံထားသလို ဖြစ်ခဲ့တယ်
ဆည်းဆာက ကြိုးဆွဲချလိုက်မှာပဲ
ငါ့ပိတ်ကားမှာတော့ လရောင်တွေ ယိုဖိတ်နေတုန်းပါ
အဲ့လိုနဲ့ ညဟာ ဆက်ပြီး ညပီသခဲ့တယ် . . . ။       ။

ကျော်လင်းထွန်း

Comments