နွေဦးည
မိုးရွာ လေတိုက်
နှလုံးသားထဲ အမှိုက်တွေ
စိုးရွံ့တယ် . . . ပူပန်တယ်
ရောပြွန်းရှုပ်ထွေး . . .
စကားလုံးတွေ မရှိတဲ့ အခါ
စကားလုံးတွေကြား ငါ
ဆွံ့အတယ် . . အနွံတာ . . .
သူစာမေးပွဲအောင်တယ် . . .
ငါကတော့ ဘယ်သောအခါမှ စေတန်ဖြစ်မှာ မဟုတ်
ဟိုးတုန်းက ငါ ဝရံတာမှာ
မြန်မာပြည်ဖွား အင်ပရက်ရှင်နစ်တွေရဲ့
စကားလုံးတွေခိုး
ကြယ်တွေ (ငါ့ ခေါင်းပေါ်) မိုးနေတာ ကြည့်ရင်း
ကဗျာတွေ ပျိုးဖူးတယ်
အခု
သမရိုးကျ ယောက်ျားသားတွေလိုပဲ
သမရိုးကျ မွန်းကျပ်မှုတွေနဲ့
နောက်ထပ် နောက်ထပ်တွေ ရှယ်ဖြစ်မလား
ဇွန်းတပ်မကြည့်ချင်တော့ဘူး
အရာအားလုံး သမရိုးကျပါ ... အနွံတာ
နောက်တော့ သူ ထွက်သွားတယ်ကြားရ
သူ တခါတခါလည်း ပြန်လာ
ငါနားလည်တဲ့ အင်မ်ပရက်ရှင်နစ်ဇင်ဟာ
နာရီဒိုင်ခွက်ထဲက စက္ကန့်တံ
နံပါတ်ဆယ့်နှစ်မှာ ထောက်ခနဲ ရပ်သွားသလို
အယုဒ္ဓယ လေထုထဲက ဖုန်တွေနဲ့
တံငါကျွန်းပေါ်က ညှီနံ့နဲ့
သူ့အရောင်တွေ ဖိတ်ကျနေတယ် . . .
တိတ်တိတ်နေတဲ့ ကြယ်လေးတွေ
ကိုယ်တို့ကို ခိုးကြည့်နေလား
တိတိစေ့တဲ့ နှင်းဆီလွှာနှစ်ရွက် ဖြေလှပ်ပါတော့
မိုးငွေ့မှုန်တွေ မပျယ်ခင်လေး ...
နွေဦးညတွေ ရုတ်တရက် ရှတလာပြန်
အိပ်မက်ထဲ သွေးစတွေ မိုးလင်းတိုင်း ခြောက်သွေ့
အိစက်နူးမွတ်မှုတွေ ဘယ်သူ သံမဏိဖြစ်အောင် လုပ်လဲ
ဒါပေမဲ့ ...
တင်းလွန်းတဲ့ စောင်းကြိုးတွေ
ပြတ်ထွက်သွားဖူးတယ် အနွံတာ ...
မာနနဲ့ လမ်းခွဲည
ငါ့မှာ ရစ်သမ်တွေ ကျန်ခဲ့တယ်
ပြည်ထောင်စုလို့ တခွန်းဟ
ကျည်ဆံတွေ ရင်ဝမှန်ခဲ့တယ်
တစ်နေ့တာ ၀တ္တရားတွေ အင်္ဂါတေလို ဖျော်ကပ်ခံရချိန်
ငါ့ဘေးမှာ မင်းမရှိတော့ဘူး အနွံတာ ... ။ ။
-KLT-
မှတ်ချက် - ၁၃ ရက်ကြာ ရေးခဲ့တဲ့ ကဗျာ
(Start and End - 1/13 July 2015)
စကားလုံးတွေ မရှိတဲ့ အခါ
စကားလုံးတွေကြား ငါ
ဆွံ့အတယ် . . အနွံတာ . . .
သူစာမေးပွဲအောင်တယ် . . .
ငါကတော့ ဘယ်သောအခါမှ စေတန်ဖြစ်မှာ မဟုတ်
ဟိုးတုန်းက ငါ ဝရံတာမှာ
မြန်မာပြည်ဖွား အင်ပရက်ရှင်နစ်တွေရဲ့
စကားလုံးတွေခိုး
ကြယ်တွေ (ငါ့ ခေါင်းပေါ်) မိုးနေတာ ကြည့်ရင်း
ကဗျာတွေ ပျိုးဖူးတယ်
အခု
သမရိုးကျ ယောက်ျားသားတွေလိုပဲ
သမရိုးကျ မွန်းကျပ်မှုတွေနဲ့
နောက်ထပ် နောက်ထပ်တွေ ရှယ်ဖြစ်မလား
ဇွန်းတပ်မကြည့်ချင်တော့ဘူး
အရာအားလုံး သမရိုးကျပါ ... အနွံတာ
နောက်တော့ သူ ထွက်သွားတယ်ကြားရ
သူ တခါတခါလည်း ပြန်လာ
ငါနားလည်တဲ့ အင်မ်ပရက်ရှင်နစ်ဇင်ဟာ
နာရီဒိုင်ခွက်ထဲက စက္ကန့်တံ
နံပါတ်ဆယ့်နှစ်မှာ ထောက်ခနဲ ရပ်သွားသလို
အယုဒ္ဓယ လေထုထဲက ဖုန်တွေနဲ့
တံငါကျွန်းပေါ်က ညှီနံ့နဲ့
သူ့အရောင်တွေ ဖိတ်ကျနေတယ် . . .
တိတ်တိတ်နေတဲ့ ကြယ်လေးတွေ
ကိုယ်တို့ကို ခိုးကြည့်နေလား
တိတိစေ့တဲ့ နှင်းဆီလွှာနှစ်ရွက် ဖြေလှပ်ပါတော့
မိုးငွေ့မှုန်တွေ မပျယ်ခင်လေး ...
နွေဦးညတွေ ရုတ်တရက် ရှတလာပြန်
အိပ်မက်ထဲ သွေးစတွေ မိုးလင်းတိုင်း ခြောက်သွေ့
အိစက်နူးမွတ်မှုတွေ ဘယ်သူ သံမဏိဖြစ်အောင် လုပ်လဲ
ဒါပေမဲ့ ...
တင်းလွန်းတဲ့ စောင်းကြိုးတွေ
ပြတ်ထွက်သွားဖူးတယ် အနွံတာ ...
မာနနဲ့ လမ်းခွဲည
ငါ့မှာ ရစ်သမ်တွေ ကျန်ခဲ့တယ်
ပြည်ထောင်စုလို့ တခွန်းဟ
ကျည်ဆံတွေ ရင်ဝမှန်ခဲ့တယ်
တစ်နေ့တာ ၀တ္တရားတွေ အင်္ဂါတေလို ဖျော်ကပ်ခံရချိန်
ငါ့ဘေးမှာ မင်းမရှိတော့ဘူး အနွံတာ ... ။ ။
-KLT-
မှတ်ချက် - ၁၃ ရက်ကြာ ရေးခဲ့တဲ့ ကဗျာ
(Start and End - 1/13 July 2015)


Comments
Post a Comment