ဆွစ် ဆရာဝန်မ လောင်းလျာ နှစ်ယောက်နဲ့



Mirjam Franzelli ရယ် Miriam Komeda ရယ်နဲ့ ရွှေတိဂုံဘုရားမှာ . . .

သူတို့က ဆွစ်ဇာလန်နိုင်ငံသူတွေပါ၊ ဆေးကျောင်းတက်နေကြတာ . . . ၊ ဒီမှာလို ချမ်းသာမှ ၊ ဂုဏ်ထူးဘယ်နှဘာသာပါမှ တက်ရတာမျိုးတော့မဟုတ်ဘူး၊ Mirjam ရဲ့ မိဘနှစ်ပါးစလုံးက ကျောင်းဆရာ၊ ဆရာမတွေ၊ သူက ညဘက်ဆို အရေးကြီး အခြေအနေရှိတဲ့ လူနာတွေအတွက် ညစောင့်လုပ်ရင်း ပိုက်ဆံရှာတယ်၊ အားတဲ့နေ့တွေဆို တက္ကသိုလ်စာကြည့်တိုက်မှာ အလုပ်လုပ်တယ်၊ ကိုယ့်ဘာသာ အလုပ်လုပ်ပြီးဆေးကျောင်းတက်တာ၊ Miriam ကတော့ ရော့ခ်ဂီတ ခရေဇီပဲ။ သူနဲ့စတွေ့တော့ ဆေးကျောင်းသူလို့ ထင်စရာကို မရှိတာ၊ ၀တ်တာစားတာကလည်း ပေစုတ်စုတ်ပဲ၊ သူတို့လည်းပြောပါတယ်၊ ပုဂံတို့ ၊ ညောင်ရွှေတို့လို တကယ့် အပူပိုင်းဒေသတွေက ပြန်လာရတာဆိုတော့ အခုထိ ခန္ဓာကိုယ်အပူရှိန်က မကျသေးပုံပဲ ၊ ချည်ထည် ပေါ့ပေါ့ပါးပါးတွေပဲဝတ်တယ်။ နောက် ၄ နှစ်လောက်ဆိုရင် ဆရာဝန်မကြီးတွေ ဖြစ်တော့မယ်။ ၀မ်းသာပါတယ်၊ လူတွေရဲ့ အသက်ကို ကယ်တင်နိုင်တော့မယ်။ အံ့သြစရာရှိတာက သူတို့ရဲ့ အချိန်ပိုင်း လုပ်ခလစာလေးနဲ့ အရှေ့တောင်အာရှတစ်ခွင် ပြဲပြဲစင်အောင် လည်နိုင်ပတ်နိုင်တယ်၊ ကျောင်းတက်နိုင်တယ်။ ဒီနေ့ ညနေဆို ဗီယက်နမ်ကို ခရီးဆန့်ကြတော့မယ် . . . ။

Comments